ILO အုပ်ချုပ်ရေးအဖွဲ့က ထည့်သွင်းစဉ်းစားရန် Fortify Right ကတောင်းဆို

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး အလွဲသုံးစားမှုများအပေါ် အရေးယူဆောင်ရွက်မှု၊ စစ်အာဏာရှင်တို့အပေါ် အရေးယူဆောင်ရွက်မှုများကို ILO အုပ်ချုပ်ရေးအဖွဲ့က ထည့်သွင်းစဉ်းစားရန် Fortify Right ကတောင်းဆို

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး အလွဲသုံးစားမှုများအပေါ် အရေးယူဆောင်ရွက်မှု၊ စစ်အာဏာရှင်တို့အပေါ် အရေးယူဆောင်ရွက်မှုများကို ILO အုပ်ချုပ်ရေးအဖွဲ့က ထည့်သွင်းစဉ်းစားရန် Fortify Right ကတောင်းဆို

ဇွန်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် မြန်မာစစ်အစိုးရ၏ အလုပ်သမားအခွင့်အရေးများကို စနစ်တကျ အလွဲသုံးစားလုပ်မှုနှင့် အဓမ္မ စစ်တပ်မှ စစ်မှုထမ်းခြင်း အပါအဝင် အဓမ္မလုပ်အားပေး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းကို တားဆီးရန် ဆောင်ရွက်သင့်ကြောင်း Fortify Rights မှ ဇွန်လ ၂ရက်နေ့ ကပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (ILC) သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ILO ၏ မူဝါဒများနှင့် နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းများကို သတ်မှတ်ပေးမည့် စည်းဝေးပွဲတစ်ခုဖြစ်သည်။ အစည်းအဝေးမစမီတွင် Fortify Rights မှ ILO ညွှန်ကြားရေးမှူးချုပ် Gilbert Houngbo ထံ စာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်းခြင်း၊ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ၊ ပြည်ပရောက် အလုပ်သမားသမဂ္ဂများနှင့် အခြားလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ပံ့ပိုးကူညီခြင်းများ အပါအဝင် ဆောင်ရွက်ချက်များကို အကြံပြုခဲ့သည်။ "မြန်မာစစ်အစိုးရသည် အခြေခံအလုပ်သမားအခွင့်အရေးများကို စနစ်တကျ ငြင်းဆိုခဲ့သည်” ဟု Fortify Rights မှ အကြီးတန်းတရားလွှတ်တော်ရှေ့နေ Patrick Phongsathorn က ပြောကြားသည်။ နိုင်ငံတကာ အလုပ်သမားညီလာခံအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများက အဆိုပါ ချိုးဖောက်မှုများအတွက်မြန်မာစစ်အစိုးရအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ ညွှန်းဆိုခြင်းနှင့် ပြည်ပရောက် အလုပ်သမား သမဂ္ဂများကို ပံ့ပိုးပေးခြင်း အပါအဝင် အဆိုပါ ချိုးဖောက်မှုများကို အခိုင်အမာ အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။ ဇွန်လ ၂ရက်နေ့နှောင်းပိုင်းတွင်…
Read More