IRC က ကြိုဆို

မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုပေးမယ့် အထင်ကရ ဆုံးဖြတ်ချက်ကို IRC က ကြိုဆို

မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုပေးမယ့် အထင်ကရ ဆုံးဖြတ်ချက်ကို IRC က ကြိုဆို

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC) ကမြန်မာနိုင်ငံကနေ အကြမ်းဖက်မှုကြောင့်ထွက်ပြေးလာတဲ့ အသိုက်အဝန်းတွေကို နှစ် ၄၀ ကြာ လက်ခံပေးခဲ့ပြီးနောက် ထိုင်းတော်ဝင်အစိုးရက အဆိုပါ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးမယ်ဆိုတဲ့သတင်းကို ကြိုဆိုပါတယ်လို့ သြဂုတ် ၂၉ရက်ကထုတ်ပြန်ပါတယ်။ IRC ကကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့ရှိ ပဋိပက္ခတွေကထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ပံ့ပိုးကူညီနေတဲ့ ၁၉၇၅ ခုနှစ်ကတည်းက ထိုင်းဘုရင့်အစိုးရနဲ့လက်တွဲလုပ်ဆောင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ IRC က မြန်မာဒုက္ခသည်ပေါင်း ၁၀၀,၀၀၀ကျော်ကို အမေရိကန်မှာပြန်လည်နေရာချထားရန်နဲ့ အမေရိကန်မှာ နေထိုင်ရန် အမေရိကန်အစိုးရကို ကူညီပေးခဲ့ပါတယ်။၂၀၀၀ ခုနှစ်ကတည်းက IRC က ထိုင်းတော်ဝင်အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒုက္ခသည်တွေထိုင်းနိုင်ငံမှာတရားဝင်နေထိုင် အလုပ်လုပ်ကိုင်နိုင်တဲ့အနာဂတ်ကို ပြင်ဆင်ခဲ့ပါတယ်။ (more…)
Read More