Kelantan လူဝင်မှုကြီးကြပ်ရေးဌာန

လေးရှားနိုင်ငံ Kelantan လူဝင်မှုကြီးကြပ်ရေးဌာနကပြီးခဲ့တဲ့ Pasir Puteh မှာလုပ်တဲ့စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့

လေးရှားနိုင်ငံ Kelantan လူဝင်မှုကြီးကြပ်ရေးဌာနကပြီးခဲ့တဲ့ Pasir Puteh မှာလုပ်တဲ့စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့

စက်တင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လေးရှားနိုင်ငံ Kelantan လူဝင်မှုကြီးကြပ်ရေးဌာနကပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကနေ ၂၄ ရက် နေ့အထိ Pasir Puteh မှာပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ The Sun သတင်းက စက်တင်ဘာ ၂၅ ရက်မှာဖော်ပြပါတယ်။ ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာ Mohamed Yusoff Khan Mohd Hassan က Ops Sapu လို့ခေါ်တဲ့ ပေါင်းစပ်စစ်ဆင်ရေးဟာအာဏာပိုင်တွေနဲ့ထောက်လှမ်းရေးတွေစုစည်းပြီးနောက် Selising ဧရိယာရှိ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ ပုဒ်မ ၆(၁)(ဂ) နဲ့ ၁၅(၁)(ဂ) တို့အရ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့ပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှု လွယ်ကူစေဖို့အတွက် အကျဉ်းသားအားလုံးကို Tanah Merah လူဝင်မှုကြီးကြပ်ရေးဌာနကို ခေါ်ဆောင်သွားခဲ့တယ်လို့သတင်းကဆိုပါတယ်။ (more…)
Read More