Khalilur

ဘင်္ဂလားဒေ့ရှ်၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ်  မြန်မာ၏ စိုးရိမ်ပူပန်မှုကို Khalilur က ပယ်ချ

ဘင်္ဂလားဒေ့ရှ်၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ စိုးရိမ်ပူပန်မှုကို Khalilur က ပယ်ချ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ပယ်ချခဲ့ပြီး ကြားဖြတ်အစိုးရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် လိုအပ်သည်ဟု ယူဆသည့် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း BD News 24 .com ကမေလ ၇ ရက်ကဖော်ပြသည်။ “ဘယ်သူက ဘာပြောပြော အရေးမကြီးပါဘူး” ဟု Khaliur က နယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြားရေးမူဝါဒအပေါ် ခိုင်မာသော ရပ်တည်ချက်ကိုပြသပြီး မေလ ၆ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရ၏ ကန့်ကွက်မှုများနှင့်ပတ်သက်၍ မေးခွန်းတစ်ခုအား ဖြေကြားရာတွင် Khalilur က "ကျနော်တို့ဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျနော်တို့ရဲ့အကျိုးစီးပွားအတွက်၊ ကျနော်တို့အလိုရှိတဲ့သူနဲ့တွေ့ဆုံမှာပဲ"ဟုဖြေကြားသည်။ (more…)
Read More