Khaosod သတင်း

မြန်မာနယ်စပ် ကာစီနိုရုံက အမျိုးသား ၁၆ ဦးကို ထိုင်း အထူးတပ်ဖွဲ့က ကယ်တင်ခဲ့

မြန်မာနယ်စပ် ကာစီနိုရုံက အမျိုးသား ၁၆ ဦးကို ထိုင်း အထူးတပ်ဖွဲ့က ကယ်တင်ခဲ့

အောက်တိုဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့နဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ထိုင်းနိုင်ငံ နယ်စပ် ကာစီနိုရုံတစ်ခုကနေ ထိုင်းနိုင်ငံသား ၁၆ ဦး (အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦး) ကိုအောက်တိုဘာ ၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်မှာအောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ Khaosod သတင်းကအောက်တိုဘာ ၆ ရက်ကဖော်ပြပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာ မြန်မာ ၉၀ဦး အဖမ်းခံရ

ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာ မြန်မာ ၉၀ဦး အဖမ်းခံရ

စက်တင်ဘာ ၃၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံကန်ချနပူရီခရိုင် စိုင်းဆောင်မြို့ရှိလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၉၀ ဦးကို ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက စိုင်းဆောင်အမြဲတန်းစစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ဖို့ ကြိုးပမ်းတဲ့ မသင်္ကာဖွယ်ရာ ယာဉ်လေးစီးကို ခေါင်သွန်ကျေးရွာ မူး ၃ မှာဖမ်းဆီးရမိခဲ့ပြီးရွှေ့ပြောင်းနေထိုင်သူတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုနဲ့တရားစွဲဆိုထားတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၃၀ရက်မှာဖော်ပြပါတယ်။ (more…)
Read More
မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ တရုတ်အမျိုးသားတစ်ဦး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်

မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ တရုတ်အမျိုးသားတစ်ဦး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလွတ်မြောက်

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လာအိုမှာ အလုပ်သွားလုပ်မယ်လို့ ယူဆထားတဲ့တရုတ်အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးခြင်းမပြုခင်မှာ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်တဲ့ခြံဝင်းအတွင်း ပိတ်မိနေခဲ့တယ်လို့ Khaosod သတင်းက စက်တင်ဘာ ၂၃ ရက်မှာဖော်ပြပါတယ်။ သောင်ရင်းမြစ်တလျှောက် ကင်းလှည့်နေတဲ့ထိုင်းစစ်သားတွေက ဖုတ်ဖရာ့မြို့နယ် Ban Mo Koe ထိုင်းရွာရှိ ကျိုးကျနေတဲ့တံတားအနီးမှာ အသက် ၄၃ နှစ်အရွယ် Zhou ကို စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။မောပန်းနွမ်းနယ်နေတဲ့အမျိုးသားဟာ ရာဇ၀တ်မှုလုပ်ငန်းတွေလို့သူသိရှိပြီးနောက် မြစ်ကိုတရားမဝင်ဖြတ်ကျော်ပြီးအကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ Zhou ဟာ တရားဝင်အလုပ်ကမ်းလှမ်းမှုတစ်ခုနဲ့ လိမ်လည်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေကို ပြောပြခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့မှာ သူဟာ လာအိုမှာ ရှိတယ်လို့ ယုံကြည်တဲ့ Xishuangbanna မှာအလုပ်သွားလုပ်ဖို့သူငယ်ချင်းတစ်ဦးနဲ့တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်မြို့ ဖုတ်ဖရကို သွားပြီးနောက် လာအို နယ်မြေလို့ ထင်ထားတဲ့နယ်မြေကိုဖြတ်ကျော်ပြီး ကားနဲ့ လာခေါ်တာကိုစောင့်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံ ခိုဖန်ဂန်ကျွန်း မှာ တရားမ၀င်ခရီးသွားလုပ်ငန်းလုပ်နေတဲ့ဂျာမန်အလုပ်ရှင်နဲ့မြန်မာလမ်းညွှန်တို့ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ခိုဖန်ဂန်ကျွန်း မှာ တရားမ၀င်ခရီးသွားလုပ်ငန်းလုပ်နေတဲ့ဂျာမန်အလုပ်ရှင်နဲ့မြန်မာလမ်းညွှန်တို့ဖမ်းဆီးခံရ

စက်တင်ဘာ ၂၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ခိုဖန်ဂန်ကျွန်းမှာ တရားမဝင် ခရီးသွားဧည့်လမ်းညှန်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဂျာမန်နိုင်ငံသားနဲ့တရားမ၀င် ဧည့်လမ်းညွှန်အဖြစ် ငှားရမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းခရီးသွားလုပ်ငန်းရဲနပ်ဖွဲ့ကတရားဥပဒေအရ အရေးယူလိုက်တယ်လို့ Khaosod သတင်းက စက်တင်ဘာ ၂၃ ရက်မှာဖော်ပြပါတယ်။ ခိုဖန်ဂန် ခရီးသွားရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ရဲတလိုင်စင်မဲ့လျှပ်စစ်မော်တော်ဆိုင်ကယ်တွေအသုံးပြုပြီးဘဧည့်လမ်းညွှန်တွေအဖြစ် တရားမဝင်လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့တိုင်ကြားစာတွေကို ဒုရဲမှူးကြီးဝင်းနစ်ဘချစ်က စုံစမ်းဖော်ထုတ်ခဲ့ရာမှာအနှောင့်အယှက်တွေနဲ့လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ဆိုပါတယ်။စက်တင်ဘာလ ၂၂ ရက်နေ့မှာ အာဏာပိုင်တွေက နိုင်ငံခြား ခရီးသွား ၂ ဦးကို လမ်းပြပေးနေစဉ် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား မစ္စတာ ပြည့်အား ဖမ်းဆီးခဲ့ပါတယ်။လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ပြီး အလုပ်ပါမစ်မရှိဘဲ လုပ်ကိုင်မှုနဲ့တရားစွဲခံရပါတယ်။ ဖမ်းဆီးခံရစဉ်အတွင်း အသက် ၃၃ နှစ်အရွယ် ဂျာမန်နိုင်ငံသား မစ္စတာရိုမန်က အခင်းဖြစ်ပွားရာကိုရောက်ရှိလာပြီး သူ့ကိုယ်သူ ပြည့်ရဲ့အလုပ်ရှင်အဖြစ် ပြောခဲ့ပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်မှာ မြန်မာဘက်ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဥ်ဖမ်းမိနေ

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်မှာ မြန်မာဘက်ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဥ်ဖမ်းမိနေ

စက်တင်ဘာ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံကန်ချနပူရီခရိုင် သောင်ဖဖွမ်းမြို့နယ်ကလုံခြုံရေး အရာရှိတွေဟာမြန်မာနိုင်ငံကတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဉ်နဲ့အမျှ ဆက်တိုက်ဖမ်းမိနေတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၁၆ ရက်မှာဖော်ပြပါတယ်။ (more…)
Read More

ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာ အထောက်အထားမဲ့မြန်မာ ၇၀ အဖမ်းခံရ

စက်တင်ဘာ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကျွဲကောဥယျာဥ်မှာ ပုန်းအောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၇၀ ကို ရဲက ဖမ်းဆီးလိုက်တယ်လို့ Khaosod သတင်းကစက်တင်ဘာ ၁၄ ရက်ကဖော်ပြပါတယ်။ (more…)
Read More
ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေချမှတ်ထားတယ်လို့အမေရိကန်သံရုံးက ကြေညာ

ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေချမှတ်ထားတယ်လို့အမေရိကန်သံရုံးက ကြေညာ

စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အရှေ့တောင်အာရှတစ်ဝှမ်းရှိ ရာဇ၀တ်မှုကျူးလွန်သူတွေဟာအွန်လိုင်းမှာအမေရိကန်တွေရဲ့အားနည်းချက်တွေကို ပိုမိုအသုံးချလာကြပြီး ၂၀၂၄ခုနှစ်မှာအမေရိကန်လူမျိုးတွေဟာ အရှေ့တောင်အာရှကလိမ်လည်မှုလုပ်ငန်းတွေကြောင့်အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ သိရတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၉ ရက်မှာဖော်ပြပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ကမြန်မာနိုင်ငံရှိ လိမ်လည်မှုဗဟိုချက်ဖြစ်တဲ့ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ အကာအကွယ်ပေးမှုအောက်မှာ လုပ်ဆောင်နေတဲ့ ရွှေကုက္ကိုကလုဏ်ငန်းတွေမှာ ပါဝင်တဲ့ ပစ်မှတ်ကိုးခုအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပါတယ်။ KNA က အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးတဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့သတင်းကဆိုပါတယ်။ (more…)
Read More
သံသယတွေမြင့်တက်နေတဲ့ကြားက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းကနေဒူဘိုင်းကိုထွက်ခွာခဲ့

သံသယတွေမြင့်တက်နေတဲ့ကြားက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းကနေဒူဘိုင်းကိုထွက်ခွာခဲ့

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပါလီမန်မှာ ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ၀န်ကြီးချုပ်ကို မဲပေးဖို့စီစဉ်ထားပြီး အတိုက်အခံ ပြည်သူ့ပါတီက ကျောထောက်နောက်ခံပြုထားတဲ့ Bhumjaithai ပါတီ ခေါင်းဆောင် Anutin Charnvirakulဟာ သေချာပေါက်ရွေးချယ်ခံရမယ့်အချိန်မတိုင်ခင်တညမှာဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြဇာတ်ဆန်ဆန် ထိုင်းနိုင်ငံကနေ ထွက်ခွာသွားတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ Pheu Thai ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရလဒ်ကို ပြန်ပြောင်းပြီး ပါလီမန်ကို ဖျက်သိမ်းဖို့တွန်းအားပေးမဲတွေရယူမယ့်အစား သက်ဆင်ဟာ ကြိုတင်ကြေငြာခြင်းမရှိဘဲ ထိုင်းနိုင်ငံကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ဒွန်မောင်းလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထွက်ခွာခြင်းမပြုမီတားဆီးခဲ့ပြီးစာရွက်စာတမ်းတွေကိုစစ်ဆေးပြီးနောက်ပိုင်းစက်တင်ဘာ ၄ ရက် ညပိုင်းက ထွက်ခွာသွားတဲ့သတင်းကြီးဖြစ်လာပါတယ်။ စက်တင်ဘာ ၉ ရက်မှာ ၎င်းရဲ့ “၁၄ လွှာအမှု” နဲ့ပတ်သက်ပြီး အရေးကြီးတဲ့တရားရုံး စီရင်ချက်မချမီမှာ သူဟာ နိုင်ငံရပ်ခြားကို ထွက်ပြေးသွားတယ်လို့လူအများက ယုံကြည်ကြပါတယ်။ စက်တင်ဘာ ၄ ရက်မှာဒွန်မောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက MJets က စင်ကာပူနိုင်ငံကိုကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ထွက်ခွာမယ့်ခရီးသည်တစ်ဦးအကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၂) မှူး ရဲချုပ် Choengron Rimphadi က ညနေ ၄ နာရီ ၅၀ မိနစ်အတည်ပြုခဲ့ပါတယ်။ သက်ဆင်ရဲ့အမည်ဟာ လေယာဉ် T7GTS မှာ ပေါ်လာတယ်လို့ဆိုပါတယ်။ (more…)
Read More
ဝန်ကြီးချုပ်ဟောင်း သက်ဆင်လေယာဉ်စင်ကာပူ မှာ မဆင်းဘဲ ဒူဘိုင်းကို ဦးတည်နေ

ဝန်ကြီးချုပ်ဟောင်း သက်ဆင်လေယာဉ်စင်ကာပူ မှာ မဆင်းဘဲ ဒူဘိုင်းကို ဦးတည်နေ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဆေးကုသမှုခံဖို့ စင်ကာပူကိုဒွန်မောင်းလေဆိပ်ကတဆင့် ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ခွာသွားပေမယ့်လည်း လေယာဉ်ဟာ စင်ကာပူမှာ မဆင်းဘဲ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းကိုဦးတည်သွားတယ်လို့ Khaosod သတင်းက စက်တင်ဘာ ၄ ရက်နေ့ည ၁၀မိနစ်၃၀ခန့်ကဖော်ပြပါတယ်။ (more…)
Read More
ထိုင်းလွှတ်တော်ကိုမဖျက်သိမ်းနိုင်လို့ ယာယီဝန်ကြီးချုပ်ကဆို

ထိုင်းလွှတ်တော်ကိုမဖျက်သိမ်းနိုင်လို့ ယာယီဝန်ကြီးချုပ်ကဆို

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ရဲ့ အခွင့်အာဏာ အပြည့်ရှိတာကြောင့် ယာယီဝန်ကြီးချုပ်က လွှတ်တော်ကို မဖျက်သိမ်းနိုင်ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက အလေးပေး ပြောကြားပြီး တော်ဝင်အဖွဲ့အစည်းကို မထိခိုက်စေဖို့ သတိပေးထားတယ်လို့ Khaosod သတင်းကသြဂုတ် ၃၀ရက်မှာဖော်ပြပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က အစိုးရအိမ်တော်မှာနိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ပါကွန်နီပရာဖန်က်ု ယာယီဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းနိုင်ခြင်း ရှိ မရှိ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ ယာယီဝန်ကြီးချုပ်ဟာဝန်ကြီးချုပ်ရဲ့ သီးသန့်လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် လွှတ်တော်ကို မဖျက်သိမ်းနိုင်ဘူးလို့ဆိုပါတယ်။ "လုပ်လို့မရဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ယုံကြည်တယ်"လို့သူကဆက်ပြောပါတယ်။ ဒီလိုအရေးယူမယ်ဆိုရင် ပြဿနာတစ်စုံတစ်ရာရှိလာနိုင်လားဟု မေးမြန်းရာမှာ "တော်ဝင်အဖွဲ့အစည်းကို မထိခိုက်စေဖို့အချို့အရာတွေဟာ တတ်နိုင်သမျှ လုပ်ဆောင်နိုင်တာကြောင့် အစိုးရအနေနဲ့ ဂရုတစိုက် စဉ်းစားရမယ့်ကိစ္စဖြစ်နယ်လို့မစ္စတာ ပတ်ကွန်က ပြောပါတယ်။ (more…)
Read More