Kokမြစ်ကိစ္စ

ထိုင်းဝန်ကြီးချုပ် Prasert က Kokမြစ်ကိစ္စ မြန်မာနှင့်ဆွေးနွေးပွဲ စီစဉ်နေ

ထိုင်းဝန်ကြီးချုပ် Prasert က Kokမြစ်ကိစ္စ မြန်မာနှင့်ဆွေးနွေးပွဲ စီစဉ်နေ

မေလ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Kok မြစ်အတွင်း အာဆင်းနစ်နှင့် သတ္တုအကြီးစားများ ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် မြန်မာနိုင်ငံ အာဏာပိုင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ် Prasert Jantararauangtong က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က မေ ၂၈ရက်တွင်ဖော်ပြသည်။ ရေမျက်နှာပြင် အရည်အသွေး မြှင့်တင်ရေး အထူးဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် Mr Prasert သည် မေ ၂၇ရက်နေ့တွင် ချင်းရိုင်ခရိုင် မြို့တော်ခန်းမ၌ အစည်းအဝေးကို ဦးဆောင်ခဲ့သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်တို့တွင် စီးဆင်းနေသည့် Kok မြစ်အတွင်း ရွှေတူးဖော်မှုကြောင့်ညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်မှုများကို အစိုးရက ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ညှိနှိုင်းမှုများသည် အကဲဆတ်နိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ လုပ်ငန်းလည်ပတ်မှုအဆင့်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မူဝါဒအဆင့်တွင် မပါဝင်သေးပေ။ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၎င်း၏ ခရီးစဉ် မတိုင်မီ ညှိနှိုင်းရမည့် နေ့ရက်များကို ဆုံးဖြတ်ရန် လုပ်ဆောင်နေကြောင်း Prasertက ပြောကြားခဲ့သည်။ (more…)
Read More