Kok၊ Sai၊ မဲခေါင်နှင့်Ruak မြစ်များ

Kok၊ Sai၊ မဲခေါင်နှင့်Ruak မြစ်များတွင် ပိုမို၍ ပုံသဏ္ဍန်ပျက်နေသော ငါးများကို တွေ့ရှိရ

Kok၊ Sai၊ မဲခေါင်နှင့်Ruak မြစ်များတွင် ပိုမို၍ ပုံသဏ္ဍန်ပျက်နေသော ငါးများကို တွေ့ရှိရ

ဇွန်လ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Kok၊ Sai၊ Ruakနှင့် မဲခေါင်မြစ်များတွင် ယခင်လက တံငါသည်များသည်ပသဏ္ဍန်ပျက်နေသောငါးများကိုပိုမိုဖမ်းဆီးရမိခြင်းကြောင့် ချင်းရိုင်ခရိုင်ရှိ ငါးဖမ်းသမားများနှင့် စားသုံးသူများ စားသုံးရန်အန္တရာယ်နှင့် မြစ်များတွင် ရေအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြစ်များကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သည့် အစိုးရမဟုတ်သော Living River Siam Association မှ သိရသည်ဟု Thai PBS World သတင်းက ဇွန်လ ၁၂ရက်တွင်ဖော်ပြသည်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်ရှိ တရုတ်ရင်းနှီးမြုပ်နှံသူများ လုပ်ကိုင်နေသည့် စည်းကမ်းမဲ့ ရွှေတွင်းများမှ မြစ်များအတွင်းသို့ စွန့်ပစ်သည့် အာဆင်းနစ် သို့မဟုတ် အခြားသော သတ္တုများ ကြောင့် ဖြစ်နိုင်သည်ဟုသတင်းကဆိုပြီး တံငါသည်များက ငါးများ၏ခန္ဓာကိုယ်ပေါ်တွင်သံသယဖြစ်ဖွာ်ရှိသည့် ပုံပျက်နေသော အဖုအခဲများ တွေ့ရှိခဲ့သည်။ (more…)
Read More