Ltd”

ထိုင်းနိုင်ငံ ခိုဖန်ဂန်ကျွန်း မှာ တရားမ၀င်ခရီးသွားလုပ်ငန်းလုပ်နေတဲ့ဂျာမန်အလုပ်ရှင်နဲ့မြန်မာလမ်းညွှန်တို့ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ခိုဖန်ဂန်ကျွန်း မှာ တရားမ၀င်ခရီးသွားလုပ်ငန်းလုပ်နေတဲ့ဂျာမန်အလုပ်ရှင်နဲ့မြန်မာလမ်းညွှန်တို့ဖမ်းဆီးခံရ

စက်တင်ဘာ ၂၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ခိုဖန်ဂန်ကျွန်းမှာ တရားမဝင် ခရီးသွားဧည့်လမ်းညှန်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဂျာမန်နိုင်ငံသားနဲ့တရားမ၀င် ဧည့်လမ်းညွှန်အဖြစ် ငှားရမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းခရီးသွားလုပ်ငန်းရဲနပ်ဖွဲ့ကတရားဥပဒေအရ အရေးယူလိုက်တယ်လို့ Khaosod သတင်းက စက်တင်ဘာ ၂၃ ရက်မှာဖော်ပြပါတယ်။ ခိုဖန်ဂန် ခရီးသွားရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ရဲတလိုင်စင်မဲ့လျှပ်စစ်မော်တော်ဆိုင်ကယ်တွေအသုံးပြုပြီးဘဧည့်လမ်းညွှန်တွေအဖြစ် တရားမဝင်လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့တိုင်ကြားစာတွေကို ဒုရဲမှူးကြီးဝင်းနစ်ဘချစ်က စုံစမ်းဖော်ထုတ်ခဲ့ရာမှာအနှောင့်အယှက်တွေနဲ့လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ဆိုပါတယ်။စက်တင်ဘာလ ၂၂ ရက်နေ့မှာ အာဏာပိုင်တွေက နိုင်ငံခြား ခရီးသွား ၂ ဦးကို လမ်းပြပေးနေစဉ် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား မစ္စတာ ပြည့်အား ဖမ်းဆီးခဲ့ပါတယ်။လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ပြီး အလုပ်ပါမစ်မရှိဘဲ လုပ်ကိုင်မှုနဲ့တရားစွဲခံရပါတယ်။ ဖမ်းဆီးခံရစဉ်အတွင်း အသက် ၃၃ နှစ်အရွယ် ဂျာမန်နိုင်ငံသား မစ္စတာရိုမန်က အခင်းဖြစ်ပွားရာကိုရောက်ရှိလာပြီး သူ့ကိုယ်သူ ပြည့်ရဲ့အလုပ်ရှင်အဖြစ် ပြောခဲ့ပါတယ်။ (more…)
Read More