အချက်ငါးချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို အာဆီယံက ဖိအားပေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြော
စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးညှိနှိုင်းမှုတွေအဆင်ပြေချောမွေ့စေဖို့ အထူးသံတမန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အာဆီယံကနေ မြန်မာနိုင်ငံကိုဆက်လက် တိုက်တွန်းသွားမှာဖြစ်တယ်လို့ Malay Mail သတင်းကစက်တင်ဘာ ၂၆ ရက်မှာဖော်ပြပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာဤကြိုးပမ်းအားထုတ်မှုတွေကို အချိန်တိုင်း လက်ကိုင်ထားခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) နဲ့ တွဲပြီး ကျင်းပတဲ့ အကြိမ် ၈၀ မြောက် စေ့စပ်ညှိနှိုင်းရေး မိတ်ဆွေများအဖွဲ့ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NUG) ကို စစ်တပ်ကဖြုတ်ချပြီးနောက် ကာလရှည်ကြာ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းမှာ ပါဝင်နေခဲ့ပါတယ်။ (more…)