Marco Rubio

“ကျနော်တို့သည် ကမ္ဘာ့အစိုးရမဟုတ်ပါ” ဟု Marco Rubio ကဆို အိန္ဒိယ၊ တရုတ်ကဲ့သို့ ချမ်းသာသောနိုင်ငံများက မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးအတွက် အကူအညီပေးရန် တောင်းဆိုခဲ့

“ကျနော်တို့သည် ကမ္ဘာ့အစိုးရမဟုတ်ပါ” ဟု Marco Rubio ကဆို အိန္ဒိယ၊ တရုတ်ကဲ့သို့ ချမ်းသာသောနိုင်ငံများက မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးအတွက် အကူအညီပေးရန် တောင်းဆိုခဲ့

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ချမ်းသာသည့်နိုင်ငံများကမြန်မာနိုင်ငံကို မကြာသေးမီက ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍သိသိသာသာ လှူဒါန်းကြရန်မေတ္တာရပ်ခံလိုက်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများတွင် နိုင်ငံတကာမှ ပိုမိုကျယ်ပြန့်စွာ ပါဝင်ကူညီရန် ၎င်းက တောင်းဆိုခဲ့သည်။ Brussels ရှိ နေတိုးဌာနချုပ်တွင် စကားပြောနေစဉ် Rubio က လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ အမေရိကန်၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ "ကျနော်တို့ဟာ ကမ္ဘာ့အစိုးရမဟုတ်ပါ" ဟု သူကဆိုသည်။ "ကျနော်တို့က အကူအညီတွေ ပေးမှာပါ.. ဒါပေမယ့် မျှတအောင် လုပ်ရမဲ့ တခြား လိုအပ်ချက်တွေ ရှိတယ်" ဟုUSAID ၏ ​လျှော့ချမှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဦးဆောင်မှု ကြောင့် မြန်မာနိုင်ငံတွင်ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ အတားအဆီးများ ရှိနေကြောင်း ပြောကြားခဲ့သည်။ "ဒါက အလုပ်လုပ်ဖို့ အလွယ်ဆုံးနေရာတော့ မဟုတ်ဘူး။ သူတို့က ကျနော်တို့လိုချင်တဲ့ပုံစံအတိုင်း အဲဒီနိုင်ငံမှာ လည်ပတ်ဖို့ မလိုအပ်ပါဘူး။"ဟုလည်းသူကဆိုသည်။ (more…)
Read More