MOD

ငါတို့သည် သူပုန်များ ဖြစ်ကြသည်

ငါတို့သည် သူပုန်များ ဖြစ်ကြသည်

တိုင်းရင်းသားတို့က စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်ရက်စက်မှု့ကို ပြည်မထက် နှစ် ၆၀ လောက်ခံစားလာရလို့ စစ်အာဏာရှင်စနစ်ကို မုန်းတီးတာ၊မလိုချင်တာ ပြည်မထက်မပိုတာင် မလျှော့ပါဘူးဆိုတာ လက်ခံဖို့လိုပါတယ်။ဒါပေမယ့် ဘဝအ တွေ့အကြုံအရ ညောင်သီးလဲစား၊လေးညို့သံလဲ နားထောင် ၊ခဲမှန်းဖူးတဲ့စာသူငယ် တွေဆိုတာ မမေ့ဖို့လိုပါတယ်။ လေဘယ်ဖက်ကတိုက်သလဲ၊လေစဉ်ကြည့်ရွက်တိုက်။ပြီးခဲ့တဲ့ NUG ,MOD ဝန်ကြီးရဲ့ အင်တာဗျူးမှာစစ်အုပ်စုကသာစနစ်ပြောင်းဖို့ဆန္ဒရှိ့ရင် PDF တွေအနေနဲ့ မဆွေးနွေးနိုင်စရာမရှိ့ပါဘူးဆိုတာမျိုးရဲ့ လေကြောင်းကဘယ်လိုလည်းဆိုတဲ့မေးခွန်းကို ပေါ်ထွက်လာကြမှာပဲဖြစ်ပါတယ်။လေးညို့သံကြားပြီ၊ညောင်သီးကြည့်စား ဖြစ်ကုန်ကြမှာ သေချာပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ စစ်တပ်ဆိုတဲ့အင်စတီကျူးရှင်းကို ဖျက်ပစ်စရာမလိုပါဘူး ဆိုတာမျိုးတွေပါ။ဘာလည်း၊ဘယ် လည်း။အဖြေမရ၊အမေးရှိ့ကြမှာမဟုတ်ပါဘူး။ဘာမှမေးခွန်းမထုတ်ကြတာကိုက ကြိုတင်မျှော်မှန်း တွက်ချက်ပြင်ဆင်မှု့တွေရှိ့ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်နေ ပါတယ်။ ဒီတစ်ခါ စစ်အာဏာရှင်စနစ်ကို အပြုတ်မတိုက်နိုင်ရင် ၊တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့ခ်သွားကြရင် စစ်တပ်လိုပဲ "ခွေးမြီးကောက်၊ကျည်တောက်စွတ်"တွေပါပဲကွာ လို့ သမိုင်းအကြွေးတင်သွားတော့မှာဖြစ်ပါတယ်။ "ထင်သာထင်၊မဝင်ဖူးကျောင်းအစ်မရေ" တိုင်းရင်းသားတွေအနေနဲ့ "တစ်ခါသေဖူး၊ပျဉ်ဖိုး နားလည်"မဟုတ် တော့ပဲ "အခါခါ သေဖူး၊ပျဉ်ဖိုး မလိုက်နိုင်" ဘဝတွေ၊အဆိုး‌ကျော့သံသရာကိုအမြစ်ဖြတ်လိုကြမှာဖြစ်ပါတယ်။အလားတူ ပြည်မက ပြည်သူတွေလည်း စစ်အာဏာရှင်တို့ကို အဆက်ဖြတ်ချင်နေကြပြီဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မယ်ဆိုတဲ့ ပြည်မက တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေ ဆက်လက်တိုက်ပွဲဝင်နေမှ ၊အမှန်တစ်ကယ် အပြုတ်တိုက်နိုင်မှ တိုင်းရင်းသားတို့ဒေသကို အငြိုးတစ်ကြီး လက်စားခြေခံရတဲ့ အဆိုးကျော့သံသရာကို ဖြတ်နိုင်မယ်ဆို သတိပြု့ဖို့လိုပါတယ်။ဗမာအပါအဝင်၊ဘယ်တိုင်းရင်းသားမှ ဘဝတွေ ထပ်မခါး ချင်တော့ပါဘူး။ စစ်အုပ်စု ရွေးကောက်ပွဲ၊နိုင်ငံတစ်ကာတုံ့ပြန်မှု့ ၊ အဝေးရောက် NCGUB ဒေါက်တာ စိန်ဝင်းလိုကံကြမ္မာကြုံရနိုင်‌ချေ စသဖြင့်မသေချာတဲ့ အခြေအနေသစ်များကို ရှေ့တစ်လှမ်းတိုး အကာအကွယ်ပြု့ဖို့- ပြည်မတော်လှန်ရေးအင်အားစုတွေထဲက စစ်အာဏာရှင်တို့နဲ့ "မစေ့စပ်စတန်း" "အပြုတ်တိုက်" "အပြတ် ဆော်" "စစ်အနိုင်တိုက်မယ်"ဆိုတဲ့ အင်အားစုတွေရဲ့ ရှေ့ခြေတစ်လှမ်းတိုးဖို့၊မဟာဗျူမြောက်ခြိမ်းခြောက်မှု့ ၁၀၂၇…
Read More