မြန်မာနိုင်ငံမှာ သေဆုံးခဲ့တဲ့ဂျပန်သတင်းထောက်တစ်ဦးရဲ့ ဗီဒီယိုကင်မရာကတိပ်ခွေဟာ အတုအယောင်ဖြစ်ဖွယ်ရှိတယ်လို့ဆို
စက်တင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုနီးပါးက မြန်မာနိုင်ငံမှာပစ်သတ်ခံခဲ့ရတဲ့ ဝန်ထမ်းတစ်ဦးရဲ့ ဗီဒီယိုကင်မရာမှာ တွေ့ရှိတဲ့တိပ်ခွေဟာ ၎င်းရဲ့သေဆုံးမှုဆိုင်ရာ အထောက်အထားတွေကို ဖျက်ဆီးဖို့အတွက် အတုအယောင်ဖြစ်ဖွယ်ရှိတယ်ဂျပန်သတင်းဌာနတစ်ခုက ဖော်ပြခဲ့တယ်လို့ NHK သတင်းက စက်တင်ဘာ ၂၅ ရက်မှာဖော်ပြပါတယ်။ ကန်ဂျီနာဂါအိဟာ ၂၀၀၇ ခုနှစ်က စစ်အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကြီးတွေဖြစ်ပွားခဲ့စဥ်မှာ ရန်ကုန်မြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့သေနတ်နဲ့ပစ်သတ်ခြင်း ခံခဲ့ရပါတယ်။ ၎င်းရဲ့ ကင်မရာနဲ့တိပ်ခွေကို ၂၀၂၃ ခုနှစ်မှာ မြန်မာမီဒီယာတွေကတဆင့် ၎င်းရဲ့မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့်နာဂအိ အပစ်ခံရချိန်မှာ ရိုက်ကူးထားခဲ့ဖွယ်ရှိတဲ့မြင်ကွင်းတစ်ခု မပါဝင်ပါဘူး။ ဗီဒီယိုကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာဖို့တိပ်ထုတ်လုပ်သူကိုသတင်းအေဂျင်စီက တောင်းဆိုခဲ့ပါတယ်။ ဂျပန် APF News ရဲ့ အကြီးအကဲဖြစ်သူ ယာမာဂျီ တိုရူက အဆိုပါဗီဒီယိုမှတ်တမ်းမှာရုပ်ပုံတွေကို မဲမှောင်သွားစေဖို့ ရည်ရွယ်ချက်ရှိရှိ ပြုပြင်ဖန်တီးထားတာကို တွေ့ရှိရတာကြောင့် တစ်စုံတစ်ဦးက သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ကြိုးပမ်းလုပ်ဆောင်ခဲ့တာဟာ အလွန်သိသာထင်ရှားတယ်လို့ စက်တင်ဘာ ၂၄ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ (more…)