Sky Villa ကွန်ဒို

မန္တလေးမြို့မှာငလျင်လှုပ်ပြီး ငါးလနီးပါးအကြာ ရောက်မှ Sky Villa ကွန်ဒိုမှာ အလောင်တစ်လောင်းတွေ့ရှိခဲ့

မန္တလေးမြို့မှာငလျင်လှုပ်ပြီး ငါးလနီးပါးအကြာ ရောက်မှ Sky Villa ကွန်ဒိုမှာ အလောင်တစ်လောင်းတွေ့ရှိခဲ့

ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် Sky Villa ကွန်ဒိုပြိုကျပြီး ၅ လနီးပါးအကြာမှာ အပျက်အစီးတွေထဲကနေ အလောင်းတစ်လောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရတယ်လို့ The Star သတင်းမှာ သြဂုတ် ၁၅ရက်နေ့ကဖော်ပြပါတယ်။ အေးရှားဝေါလ် ကုမ္ပဏီနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး ပြိုကျနေတဲ်အဆောက်အအုံကို ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းလုပ်ကိုင်နေစဥ် အလောင်းကိုကို သြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှာရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို Block A တတိယထပ် အခန်း E3 မှာ တွေ့ရှိခဲ့ပြီး အလောင်းကိုမန္တလေးတိုင်းဒေသကြီး လူမှုကူညီရေးအသင်းကနံနက် ၁၀ နာရီ ၅၀ မိနစ်မှာ ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။ (more…)
Read More