Soi VC

ထိုင်းနိုင်ငံပတ္တရားမှာ မြန်မာအလုပ်သမားတယောက် မြန်မာတွေရဲ့ဝိုင်းဝန်းရိုက်နှက်ခံရ

ထိုင်းနိုင်ငံပတ္တရားမှာ မြန်မာအလုပ်သမားတယောက် မြန်မာတွေရဲ့ဝိုင်းဝန်းရိုက်နှက်ခံရ

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံပတ္တရားမှာ ညဥ့်နက်ပိုင်း ပြင်းထန်စွာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုမှာ မြန်မာ အလုပ်သမား တစ်စုရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ဆေးရုံတင်ထားခဲ့ရတယ်လို့ The Thaiger သတင်းကစက်တင်ဘာ ၂၄ ရက်မှာဖော်ပြပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာစက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၃ နာရီ ၄၀ ဝန်းကျင်က မြန်မာစားသောက်ဆိုင် အပြင်ဘက် လမ်းစွန်းရှိ Soi VC မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရန်ပွဲ ပုံရိပ်တွေကို ဒေသတွင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလျင်မြန်စွာ မျှဝေခဲ့ပြီး ဒေသခံတွေအကြား အချေအတင် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ လမ်းမပေါ်ဖြတ်လာခဲ့တဲ့ဟိုတယ်ဝန်ထမ်းတစ်ဦးကအမျိုးသားလေးဦးကျော် ဟာဝန်းရံပြီးအခြားအဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ “မြေပေါ်မှာ လဲကျနေချိန်အထိ ရိုက်နှက်ကန်ကျောက်ကြတယ်”လို့သူကဆိုပါတယ်။ (more…)
Read More