စစ်အာဏာရှင်၊ စစ်ဘုရင်၊ တရုတ်နှင့် သက်ဆင် မြန်မာ့ဒုစရိုက်မြို့တော်အတွက်တိုက်ပွဲ
ဖေဖော်ဝါရိ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနယ်စပ် မြဝတီမြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi အား ခွင့်ပြုလိုက်ပြီဖြစ်သည်။ သို့သော်လည်း STR (အရာရာကိုစွတ်ဖက်ခြင်း)ဟု လူသိများသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သည် မြဝတီမြို့ကို ထိန်းချုပ်ထားသော ကရင်ပြည်သူ့စစ်အဖွဲ့ (BGF) ကို ဖိအားပေးရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းကာပုန်းကွယ်နေသော လျှို့ဝှက်ကစားသမားအဖြစ် ပေါ်ထွက်လာခဲ့သည်။ Liu Zhongyi သည် မြဝတီမြို့ရှိ call-centreငွေ လိမ်ဂိုဏ်းများကို နှိမ်နင်းရာတွင် အနီးကပ် ကြီးကြပ်နေသော်လည်း ၎င်း၏ လုပ်ရပ်များသည် နယ်စပ် တင်းမာမှုများကို ဖြစ်ပေါ်စေပါသည်။ Liu Zhongyi ဦးဆောင်သော "ဒုစရိုက်မြို့တော်မြဝတီ" ကိုရှင်းလင်းမှုသည် ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။ (more…)