The Nation သတင်း

ဘန်ကောက်နဲ့ စမွတ်ပရာကန်ကနေရာတချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာထား

ဘန်ကောက်နဲ့ စမွတ်ပရာကန်ကနေရာတချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာထား

စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ စမွတ်ပရာကန်ရှိ နေရာကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နဲ့ အခြားနို့တိုက်သတ္တဝါတွေပြောင်းရွှေ့မှုကို ရက် ၃ဝ ပိတ်ပင် လိုက်တယ်လို့ The Nation သတင်းမှာ စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်မှာခွေးရူးပြန်ရောဂါဖြစ်ပွားမှုတွေ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနဲ့အခြားနို့တိုက်သတ္တဝါတွေဆီကိုကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့ကနေအောက်တိုဘာလ ၈ ရက်နေ့အထိ ဒီနေရာတွေမှာ အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားတယ်လို့ထုတ်ပြန်ပါတယ်။ သတ်မှတ်ထားတဲ့ဇုန်အတွင်းမှာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ စာနဲ့ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့ရဲ့ အသေကောင်တွေကို အပြင်ကိုရွှေ့ပြောင်းခြင်းမပြုဖို့၊ တိရစ္ဆာန်ပိုင်ရှင်တွေဟာဖျားနာနေတဲ့တိရစ္ဆာန်တွေကို ၁၂ နာရီအတွင်း အာဏာပိုင်တွေဆီကိုသတင်းပို့ဖို့နဲ့သေဆုံးသွားတဲ့တိရစ္ဆာန်တွေကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေတးဆီကိုအကြောင်းမကြားမချင်း သေဆုံးတဲ့နေရာမှာသာ ထားရှိရန်ကြေညာထားပါတာ်။ (more…)
Read More
သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ကျခံဖို့ တရားရုံးချုပ်က အမိန့်ချလိုက်

သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ကျခံဖို့ တရားရုံးချုပ်က အမိန့်ချလိုက်

စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ပ ၁၄ လွှာ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံကြီးအမှုအတွက် စီရင်ချက်ကိုချမှတ်ဖို့တရားရုံးချုပ်ရဲ့ ရာဇ၀တ်မှု ဆိုင်ရာ ဌာနခွဲက စက်တင်ဘာ ၉ ရက် က ခေါ်ယူခဲ့တယ်လို့ The Nation သတင်းကဖော်ပြပါတယ်။ အဆိုပါအမှုဟာ၎င်း၏နောက်ဆုံးစီရင်ချက်ပြီးသက်တင်ထောင်ဒဏ်ကျခံနေစဥ်ဆေးဝါးကုသမှုခံယူခွင့်တို့ကို ဗဟိုပြုထားတယ်လို့သတင်းကဆိုပါတယ်။ (more…)
Read More
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်ကနေ ၈ ရက်အထိ ထိုင်းနိုင်ငံမှာလအပြည့်ကြတ်တာကို မြင်တွေ့ရမယ်

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်ကနေ ၈ ရက်အထိ ထိုင်းနိုင်ငံမှာလအပြည့်ကြတ်တာကို မြင်တွေ့ရမယ်

စက်တင်ဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံမှာလအပြည့်ကြတ်တာကို ၂၀၂၅ ခုနှစ်စက်တင်ဘာ ၇ ရက် ကနေ စက်တင်ဘာ ၈ ရက် အစောပိုင်း အထိ ညတွင်းချင်း ဖြစ်ပွား မှာဖြစ်ပြီး ည ၁၀ နာရီ ၂၉ မိနစ် ကနေ နံနက် ၃ နာရီ ၅၅ မိနစ် (ထိုင်း စံတော်ချိန်) အထိ ကြာမြင့်မှာ ဖြစ်တယ်လို့ The Nation သတင်းကစက်တင်ဘာ ၇ရက်မှာဖော်ပြပါတယ်။ ဥရောပ၊ အာရှ၊ သြစတြေးလျ၊ အာဖရိက၊ အနောက်မြောက်အမေရိက၊ တောင်အမေရိကအရှေ့ဘက်၊ ပစိဖိတ်၊ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာ၊ မြောက်နဲ့တောင်ဝင်ရိုးစွန်းဒေသတွေအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ (more…)
Read More
Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် ချန်ဝီရကူလ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာ

Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် ချန်ဝီရကူလ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Bhumjaithai ပါတီခေါင်းဆောင် အနုတင် ချန်ဝီရကူလိကို People's Party က ထောက်ခံတဲ့အောင်မြင်တဲ့ ညွန့်ပေါင်း ညှိနှိုင်းမှုနဲ့ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ The Nation သတင်းကစက်တင်ဘာ၅ရက်မွန်းလွဲပိုင်းမှာဖော်ပြပါတယ်။ (more…)
Read More
ဒူဘိုင်းကိုထွက်ခွာရတဲ့အကြောင်းကို သက်ဆင်ကရှင်းပြ

ဒူဘိုင်းကိုထွက်ခွာရတဲ့အကြောင်းကို သက်ဆင်ကရှင်းပြ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ၎င်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ စင်ကာပူနိုင်ငံကို အစပိုင်းမှာ ပျံသန်းခဲ့ရာကနေ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းကိုလမ်းကြောင်းပြောင်းသွားတယ်လို့ရှင်းပြခဲ့တယ်လို့ The Nation သတင်းကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ စက်တင်ဘာ ၅ ရက် နံနက်အစောပိုင်းက ဒူဘိုင်းကို ရောက်ရှိပြီးနောက် ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ သက်ဆင်က ၎င်းကိုနိုင်ငံရပ်ခြားမှာ ကုသပေးခဲ့တဲ့ ဆရာဝန်တစ်ဦးနဲ့ စင်ကာပူကိုသွားရောက်ပြီး ဆေးစစ်ဖို့ မူလက စီစဉ်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ၎င်းကိုဩဂုတ်လကုန်မှာစော်ကားမှု စွဲချက်တွေနဲ့ ကင်းရှင်းခဲ့ပေမယ့်လည်း မထွက်ခွာမီ နှစ်နာရီနီးပါး နှောင့်နှေးခဲ့တယ်လို့၎င်းက ပြောကြားခဲ့ပါနယ်။ တရားခွင်အတွင်း သူဟာနိုင်ငံတွင်းကနေ ထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရပေမယ့်လည်း တရားသေ လွတ်မြောက်ပြီးတာနဲ့ အခြား ထိုင်း နိုင်ငံသားတေ​ွလိုပဲ နိုင်ငံရပ်ခြား ခရီးသွားခွင့်ကို ပြန်လည် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆင်ရဲ့ ပြောကြားချက်အရ အဆိုပါနှောင့်နှေးမှုကြောင့် စင်ကာပူမှာသူ့ဂျက်လေယဥ်ဆင်းသက်မယ့် Seletar လေယဥ်ကွင်းဟာ ဒေသစံတော်ချိန် ည ၁၀ နာရီမှာ ပိတ်မှာဖြစ်လို့၎င်းလေယာဉ်ဟာ Seletar လေဆိပ်သို့ ဆင်းသက်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။(စင်ကာပူရဲ့စံတော်ချိန်ဟာ ထိုင်းထက်တစ်နာရီပိုစောပါတယ်) (more…)
Read More
ငလျင်သတင်း

ငလျင်သတင်း

ငလျင်သတင်း ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တာ့ခ်ခရိုင် မဲဆောက်မြို့ အနောက်တောင်ဘက် ၂၁၁ ကီလိုမီတာအကွာ မြန်မာနိုင်ငံ တောင်ပိုင်းမှာ ရစ်ခ်ျတာစကေး ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ The Nation သတင်းက သြဂုတ် ၂၁ ရက်နေ့ မနက် ၁၁ နာရီကဖော်ပြပါတယ်။ (more…)
Read More
စစ်အာဏာရှင်၊ စစ်ဘုရင်၊ တရုတ်နှင့် သက်ဆင် မြန်မာ့ဒုစရိုက်မြို့တော်အတွက်တိုက်ပွဲ

စစ်အာဏာရှင်၊ စစ်ဘုရင်၊ တရုတ်နှင့် သက်ဆင် မြန်မာ့ဒုစရိုက်မြို့တော်အတွက်တိုက်ပွဲ

ဖေဖော်ဝါရိ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနယ်စပ် မြဝတီမြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi အား ခွင့်ပြုလိုက်ပြီဖြစ်သည်။ သို့သော်လည်း STR (အရာရာကိုစွတ်ဖက်ခြင်း)ဟု လူသိများသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သည် မြဝတီမြို့ကို ထိန်းချုပ်ထားသော ကရင်ပြည်သူ့စစ်အဖွဲ့ (BGF) ကို ဖိအားပေးရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းကာပုန်းကွယ်နေသော လျှို့ဝှက်ကစားသမားအဖြစ် ပေါ်ထွက်လာခဲ့သည်။ Liu  Zhongyi သည် မြဝတီမြို့ရှိ call-centreငွေ လိမ်ဂိုဏ်းများကို နှိမ်နင်းရာတွင် အနီးကပ် ကြီးကြပ်နေသော်လည်း ၎င်း၏ လုပ်ရပ်များသည် နယ်စပ် တင်းမာမှုများကို ဖြစ်ပေါ်စေပါသည်။ Liu Zhongyi ဦးဆောင်သော "ဒုစရိုက်မြို့တော်မြဝတီ" ကိုရှင်းလင်းမှုသည် ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။ (more…)
Read More