The Straits Times သတင်း

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို အိန္ဒိယက ထောက်ခံတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြ

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို အိန္ဒိယက ထောက်ခံတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြ

စက်တင်ဘာ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီဇင်ဘာလမှာ စတင်ဖို့စီစဉ်ထားတဲ့စစ်ဘေးသင့် မြန်မာနိုင်ငံကအထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အိန္ဒိယက အဖွဲ့တွေစေလွှတ်မှာကို နယူးဒေလီရှိဝေဖန်သူတွေက အတုအယောင်လို့လှောင်ပြောင်နေကြတဲ့ရွေးကောက်ပွဲကို ထောက်ခံတယ်လို့အိန္ဒိယက စက်တင်ဘာ ၁ ရက်မှာပြောကြားတယ်လို့The Straits Times သတင်း ကဖော်ပြပါတယ်။အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားခေါင်းဆောင်တွေရဲ့ရှောင်ဖယ်ခြင်းကို ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးတွေအတွက် တရုတ်နိုင်ငံမှာကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမှာ သြဂုတ် ၃၁ ရက်က အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံခဲ့ပါတယ်။ “တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆောင်ရွက်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးဆိုင်ရာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရပိုင် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ရွေးကောက်ခံ အစိုးရကို စစ်တပ်ကဖြုတ်ချတာဟာ ရွေးကောက်ပွဲ မသမာမှု အကြောင်းပြချက်ဖြနဲ့လွန်ခဲ့တဲ့ ၄ နှစ်ခွဲခန့်က ဖြုတ်ချခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့အရှေ့တောင်အာရှ နိုင်ငံရဲ့အစိတ်အပိုင်း အများအပြားကို ဖျက်ဆီးခဲ့တဲ့ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ (more…)
Read More