တရုတ်မိန်းကလေးက ရည်းစားဖြစ်သူကို ထိုင်းနိုင်ငံကနေတဆင့်မြန်မာဘက်ကို လူကုန်ကူးခဲ့
ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အသက် ၁၉ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးကို ၎င်းရဲ့ အသက် ၁၇နှစ်အရွယ် ချစ်သူရည်းစားက သစ္စာဖောက်ပြီး မြန်မာဘက်ကို ယွမ်ငွေ ၁၀၀,၀၀၀ (ထိုင်းဘတ် ၅၀၀၀,၀၀ ဝန်းကျင်) နဲ့ရောင်းစားခံခဲ့တဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ်လို့ The Thaiger သတင်းက သြဂုတ် ၂၁ ရက်ကဖော်ပြပါတယ်။ ရောင်းစားခံရသူဟာ Guangdong ပြည်နယ် Zhanjiang ကဖြစ်ပြီး လေးလကြာ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ငတ်မွတ်ခေါင်းပါးမှုတို့ကို ခံစားခဲ့ရပြီး ၎င်းရဲ့မိသားစုက ယွမ် ၃၅၀,၀၀၀ ပေးချေပြီးမှ လွတ်မြောက်လာခဲ့ပါတယ်။ လူငယ်လေးက ရေကူးကန်မှာ ကောင်မလေးကို ပထမဆုံးတွေ့ခဲ့ပါတယ်။ သူ့ညီမက ကောင်မလေးရဲ့ခေတ်မီတဲ့အဝတ်အစားတွေနဲ့ဒီဇိုင်နာအိတ်အတုတွေကို ညွှန်ပြခဲ့ပါတယ်။ ဟော့ကင်းလို့ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးက သူ့ မိဘတွေဟာ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေဖြစ်ကြောင်း ကြွားလုံးထုတ်ပြီး မြန်မာနိုင်ငံက မိသားစုစီးပွားရေး လုပ်ငန်းတွေအကြောင်းကို မကြာခဏ ပြောဆိုလေ့ရှိတယ်လို့ဆိုပါတယ်။ “သူက ကျမအစ်ကိုကို အလုပ်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ မြန်မာနိုင်ငံကို ဆွဲဆောင်ဖို့ ကြိုးစားပါတယ်” လို့ ရောင်းစားခံရသူရဲ့ ညီမဖြစ်သူ က Xiaoxiang Morning Post ကို ပြောကြားခဲ့ပါတယ်။ (more…)