The Thaiger သတင်း

အံ့ဖွယ် လွတ်မြောက်ခြင်း- မြန်မာစုံတွဲ သီရိရာချာ တံတားပေါ်က ပြုတ်ကျပေမယ့်အသက်မသေ

အံ့ဖွယ် လွတ်မြောက်ခြင်း- မြန်မာစုံတွဲ သီရိရာချာ တံတားပေါ်က ပြုတ်ကျပေမယ့်အသက်မသေ

အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး အလုပ်သွားနေစဉ်၁၀မီတာမြင့်တဲ့ သီရိရာချာ တံတားပေါ်အရောက် ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့ပြီး အသက်မသေလို့ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်ခဲ့တယ်လို့ The Thaiger သတင်းက အောက်တိုဘာ ၂ရက်မှာဖော်ပြပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုဟာ အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၃ နာရီခန့်က ချောင်ဘူရီကိုအဝင်လမ်းကြားရှိ ဘိုယန်တံတားအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ Sawang Prateep Sri Racha Unit ကကယ်ဆယ်ရေးအဖွဲ့တွေ၊ Somdej Phra Boromrajthevi Hospital's Lanthom ကလူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ Nongkham ရဲစခန်းက တာဝန်ရှိသူတွေကပြုတ်ကျကြောင်း သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာကိုအလျင်အမြန်သွားရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံပတ္တယားမှာ မြန်မာတွေအုပ်စုဖွဲ့ ဓားခုတ်မှု ဖြစ်ပွားလို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့

ထိုင်းနိုင်ငံပတ္တယားမှာ မြန်မာတွေအုပ်စုဖွဲ့ ဓားခုတ်မှု ဖြစ်ပွားလို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့

အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံပတ္တရားမြို့မှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား ပြင်းထန်စွာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၂ ဦး သေဆုံးပြီး လူစည်ကားရာ လမ်းဘေး ဓားခုတ်မှု ဖြစ်ပွားပြီးနောက် လူ ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ The Thaiger သတင်းက အောက်တိုဘာ ၁ ရက်မှာဖော်ပြပါတယ်။ ဘာလီဟိုင်းတံတားအနီး မြေကွက်ရုံးလမ်းဆုံအနီး တောင်ပတ္တရားလမ်းပေါ်ရှိ လူသွားလမ်းတစ်လျှောက် စက်တင်ဘာ ၃၀ ရက် နံနက် ၆ နာရီ ၀၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှု သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး Suthiraphan Thapsri နဲ့ပတ္တရားမြို့မရဲစခန်းက တာဝန်ရှိသူတွေရောက်ရှိလာပြီး Sawang Boriboon Thammasathan Foundation က ကယ်ဆယ်ရေးလုပ်သားတွေလိုက်ပါသွားခဲ့တယ်လို့ဆိုပါတယ်။ (more…)
Read More
Sa Kaeo နယ်စပ်မှာမြန်မာတွေပါဝင်တဲ့ လူကုန်ကူးသူ၁၉ ဦးကို ထိုင်းစစ်တပ်က နှိမ်နင်းခဲ့

Sa Kaeo နယ်စပ်မှာမြန်မာတွေပါဝင်တဲ့ လူကုန်ကူးသူ၁၉ ဦးကို ထိုင်းစစ်တပ်က နှိမ်နင်းခဲ့

စက်တင်ဘာ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းအရှေ့ပိုင်းနယ်ခြားစောင့်တပ် အထူးတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတကာ လူကုန်ကူးတဲ့ကွန်ရက်နဲ့ ဆက်နွှယ်နေတဲ့ လူ ၁၉ ဦးကို Sa Kaeo ခရိုင် ဘန်နွန်ခလိတ်နယ်စပ် ဒေသမှာဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၂၈ ရက်ကဖော်ပြပါတယ် ။ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့အဆိုပါ စစ်ဆင်ရေးမှာ အဖွဲ့ခေါင်းဆောင်ရဲ့ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ စစ်ဆင်ရေးကို Aranyaprathet အထူးတပ်ဖွဲ့ကတပ်မှူး Colonel Chainarong Kasee ​​က ဦးဆောင်ပြီး ၁၂၀၄ th Ranger Company နဲ့ 30th Cavalry Regiment တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ညှိနှိုင်းဆောင်ရွက်မှုဟာ Sa Kaeo ခရိုင်၊ ဘန်နွန်ခလိတ်ဒေသမှာ သိသာထင်ရှားတဲ့လူမှောင်ခိုလုပ်ငန်းကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်ပါတယ်။ တရားမ၀င် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းမှုမှာထိုင်းခေါင်းဆောင်တစ်ဦးနဲ့လူ ၁၈ ဦး ပါဝင်တဲ့ စုစုပေါင်း ၁၉ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ နယ်စပ်ကို ချဉ်းကပ်လာတဲ့ မသင်္ကာဖွယ်အဖွဲ့တစ်ဖွဲ့ကို ရဲတွေက ရှာဖွေတွေ့ရှိချိန်မှာ ပုံမှန် ကင်းလှည့်နေစဉ် ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့တာပါ။ အဆိုပါအဖွဲ့မှာ ထိုင်းနဲ့မြန်မာနိုင်ငံသားတွေ ပါဝင်ပါတယ်။ ဖမ်းမိသူတွေကို အဓိကအုပ်စုနှစ်စုခွဲထားပြီး ပထမက တရားမဝင် သယ်ဆောင်လာတဲ့ ထိုင်းခေါင်းဆောင်ဖြစ်ပြီး ဒုတိယကနယ်စပ်ဖြတ်ကျော်မှုမှာ ပါဝင်ပတ်သက်သူ ၁၈ ဦး ပါဝင်တယ်လို့သိရပါတယ်။ ထိုင်းခေါင်းဆောင် အသက် ၄၇ နှစ်ရှိ တဲ့ဝီကို ၎င်းရဲ့အိတ်အတွင်းကနေ ၀.၃၈၅…
Read More
ထိုင်းနိုင်ငံပတ္တရားမှာ မြန်မာအလုပ်သမားတယောက် မြန်မာတွေရဲ့ဝိုင်းဝန်းရိုက်နှက်ခံရ

ထိုင်းနိုင်ငံပတ္တရားမှာ မြန်မာအလုပ်သမားတယောက် မြန်မာတွေရဲ့ဝိုင်းဝန်းရိုက်နှက်ခံရ

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံပတ္တရားမှာ ညဥ့်နက်ပိုင်း ပြင်းထန်စွာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုမှာ မြန်မာ အလုပ်သမား တစ်စုရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ဆေးရုံတင်ထားခဲ့ရတယ်လို့ The Thaiger သတင်းကစက်တင်ဘာ ၂၄ ရက်မှာဖော်ပြပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာစက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၃ နာရီ ၄၀ ဝန်းကျင်က မြန်မာစားသောက်ဆိုင် အပြင်ဘက် လမ်းစွန်းရှိ Soi VC မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရန်ပွဲ ပုံရိပ်တွေကို ဒေသတွင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလျင်မြန်စွာ မျှဝေခဲ့ပြီး ဒေသခံတွေအကြား အချေအတင် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ လမ်းမပေါ်ဖြတ်လာခဲ့တဲ့ဟိုတယ်ဝန်ထမ်းတစ်ဦးကအမျိုးသားလေးဦးကျော် ဟာဝန်းရံပြီးအခြားအဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ “မြေပေါ်မှာ လဲကျနေချိန်အထိ ရိုက်နှက်ကန်ကျောက်ကြတယ်”လို့သူကဆိုပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုကိုလျှပ်စစ်စီးကရက် ထုတ်လုပ်တဲ့တရားမဝင် စက်ရုံအဖြစ် ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံသား ၂ ဦးနဲ့မြန်မာနိုင်ငံသား ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ အာဏာပိုင်တွေက လျှင်စစ်စီးကရက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့အတူ တရားမဝင် ကုန်ပစ္စည်း ၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဘန်ကောက်မြို့ ဘန်ခွန်တန်ခရိုင် ထခမ်းဒေသရှိ ဂိုဒေါင်ကို ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတာဝန်ရှိသူတွေကစက်တင်ဘာ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ပြီး မန်နေဂျာနဲ့အရည်အသွေးထိန်းချုပ်ရေး ဝန်ထမ်းတွေလို့ဝန်ခံခဲ့ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (more…)
Read More
ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ မသင်္ကာဖွယ် ဗင်ကားတစ်စီးကို တွေ့ရှိခဲ့

ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ မသင်္ကာဖွယ် ဗင်ကားတစ်စီးကို တွေ့ရှိခဲ့

စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင် ရှော့ပင်းမောလ်အနီးမှာ ရပ်ထားတဲ့ ဗင်ကားတစ်စီးပေါ်မှာ ဖောက်ခွဲရေးပစ္စည်းအချောင်း ၁၁၉ ချောင်းကို စက်တင်ဘာ ၇ ရက်နေ့မှာ ရဲတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ရက်မှာဖော်ပြပါတယ်။ အဆိုပါယာဉ်ဟာ အဲဒိနေရာမှာ ရပ်ထားတာခြောက်လကျော်ရှိပြီလို့ သိရပါတယ်။ မယ်ဆိုင်မြို့မ ရဲစခန်းက အရာရှိတွေနဲ့ Pha Muang Task Force က တပ်ဖွဲ့ဝင်တွေကချင်းရိုင်လိုင်စင် နံပါတ် ผท ၆၉၇၄ ပါ မသင်္ကာဖွယ် အဖြူရောင် တိုယိုတာ ဗင်ကားတစ်စီကို စက်တင်ဘာ ၇ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်ကတွေ့ရှိခဲ့တာ်လို့ သိရပါတယ်။ (more…)
Read More
ဖူးခက်ကစားသောက်တစ်ဆိုင်ကို မြန်မာအလုပ်သမားတွေကိုပဲတရားမဝင်အသုံးပြုလို့ ဝင်ရောက်စီးနင်း

ဖူးခက်ကစားသောက်တစ်ဆိုင်ကို မြန်မာအလုပ်သမားတွေကိုပဲတရားမဝင်အသုံးပြုလို့ ဝင်ရောက်စီးနင်း

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံဖူးခက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား အလုပ်သမားတွေ လုံးလုံးလျားလျား တရားမဝင် လုပ်ကိုင်နေတာကို တွေ့ရှိပြီးနောက် ဖမ်းဆီးလိုက်တယ်လို့ The Thaiger သတင်းကစက်တင်ဘာလ ၆ရက်မှာဖော်ပြပါတယ်။ သူငယ်ချင်းဆိုင် လို့အမည်ပေးထားတဲ့ အဆိုပါနေရာဟာ ဖူးခက်မြို့၊ ဘန်ကောက်လမ်းရှိ Public Market 1 နောက်မှာ တည်ရှိပါတယ်။ ၎င်း၏ရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီက တိုင်ကြားမှုတွေရရှိ အပြီးမှာ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်တယ်ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။ ဖူးခက်ခရိုင် လုံခြုံရေး အရာရှိချုပ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေက စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စားသောက်ဆိုင်ဟာထိုင်းဝန်ထမ်းမရှိတဲ့မြန်မာနိုင်ငံသား သီးသန့် ဝန်ထမ်းဆိုင်ဖြစ်တယ်လို့ ၎င်းတို့ တွေ့ရှိခဲ့ပါတယ်။ ဆိုင်းဘုတ်တွေ၊မီနူးတွေ၊ အော်ဒါစာရွက်တွေနဲ့ ဖြတ်ပိုင်းတွေအားလုံးကို မြန်မာဘာသာနဲ့သာ ရေးသားထားတယ်လို့လည်းသတင်းကဆိုပါတယ်။ ဖောက်သည်အများစုဟာလည်း မြန်မာအသိုင်းအဝိုင်းကဖြစ်ပါတယ်။ ဆိုင်တာဝန်ခံဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလတ်ကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ (more…)
Read More
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးကို လူမှောင်ခိုကူးမှုနဲ့လူတစ်ဦးကို ထိုင်းရဲက ဖမ်းဆီး

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးကို လူမှောင်ခိုကူးမှုနဲ့လူတစ်ဦးကို ထိုင်းရဲက ဖမ်းဆီး

ဩဂုတ်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီခရိုင်မှာ မြန်မာနိုင်ငံဘက်ကနေတရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၁ ဦးအား မှောင်ခိုသွင်းတယ်လို့စွပ်စွဲခံထားရတဲ့ အသက် ၃၂ ​​နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းကသြဂုတ် ၃၁ရက်မှာဖော်ပြပါတယ်။ Phuri Lertchaiprachim ကို ရွှေ့ပြောင်းနေထိုင်သူတွေနဲ့အတူ Dan Makham Tia မြို့မှာသြဂုတ် ၃၀ရက်က ဖမ်း ဆီးရမိခဲ့ပါတယ်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနခွဲမှ ရဲမှူးချုပ် Songklod Krirkkritaya ရဲ့ ပြောကြားချက်အရ အာဏာပိုင်တွေက တွမ်ကွမ်ဒိုရှိ ရွှေ့ပြောင်းလူမှောင်ခိုကွန်ရက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုရရှိပြီးနောက် ဖမ်းဆီးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူမှောင်ခိုလုပ်ငန်းမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ပစ်ကပ်ထရပ်ကား ၃ စီးကို ရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ရဲတွေ ချဉ်းကပ်လာချိန်မှာတော့ Mitsubishi Triton ယာဉ်မောင်းက ထွက်ပြေးသွားခဲ့ပြီး Ford Ranger ယာဉ်မောင်းက ကားကို စွန့်ပစ်ပြီး တောထဲကို ထွက်ပြေးသွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၁ ဦး ကျန်ခဲ့ပါတယ်။ (more…)
Read More
တရုတ်မိန်းကလေးက ရည်းစားဖြစ်သူကို ထိုင်းနိုင်ငံကနေတဆင့်မြန်မာဘက်ကို လူကုန်ကူးခဲ့

တရုတ်မိန်းကလေးက ရည်းစားဖြစ်သူကို ထိုင်းနိုင်ငံကနေတဆင့်မြန်မာဘက်ကို လူကုန်ကူးခဲ့

ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အသက် ၁၉ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးကို ၎င်းရဲ့ အသက် ၁၇နှစ်အရွယ် ချစ်သူရည်းစားက သစ္စာဖောက်ပြီး မြန်မာဘက်ကို ယွမ်ငွေ ၁၀၀,၀၀၀ (ထိုင်းဘတ် ၅၀၀၀,၀၀ ဝန်းကျင်) နဲ့ရောင်းစားခံခဲ့တဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ်လို့ The Thaiger သတင်းက​​ သြဂုတ် ၂၁ ရက်ကဖော်ပြပါတယ်။ ရောင်းစားခံရသူဟာ Guangdong ပြည်နယ် Zhanjiang ကဖြစ်ပြီး လေးလကြာ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ငတ်မွတ်ခေါင်းပါးမှုတို့ကို ခံစားခဲ့ရပြီး ၎င်းရဲ့မိသားစုက ယွမ် ၃၅၀,၀၀၀ ပေးချေပြီးမှ လွတ်မြောက်လာခဲ့ပါတယ်။ လူငယ်လေးက ရေကူးကန်မှာ ကောင်မလေးကို ပထမဆုံးတွေ့ခဲ့ပါတယ်။ သူ့ညီမက ကောင်မလေးရဲ့ခေတ်မီတဲ့အဝတ်အစားတွေနဲ့ဒီဇိုင်နာအိတ်အတုတွေကို ညွှန်ပြခဲ့ပါတယ်။ ဟော့ကင်းလို့ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးက သူ့ မိဘတွေဟာ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေဖြစ်ကြောင်း ကြွားလုံးထုတ်ပြီး မြန်မာနိုင်ငံက မိသားစုစီးပွားရေး လုပ်ငန်းတွေအကြောင်းကို မကြာခဏ ပြောဆိုလေ့ရှိတယ်လို့ဆိုပါတယ်။ “သူက ကျမအစ်ကိုကို အလုပ်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ မြန်မာနိုင်ငံကို ဆွဲဆောင်ဖို့ ကြိုးစားပါတယ်” လို့ ရောင်းစားခံရသူရဲ့ ညီမဖြစ်သူ က Xiaoxiang Morning Post ကို ပြောကြားခဲ့ပါတယ်။ (more…)
Read More