UWSA ဖွင့်ဟဝန်ခံလာ

UWSA ဖွင့်ဟဝန်ခံလာတဲ့ တရုတ်ဖိအားနောက်က မြေပြင်အကြပ်အတည်း၊ “တရုတ်ရဲ့ဘက်လိုက် ရပ်တည်ချက်နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအပေါ် တက်ရောက်မှု”

UWSA ဖွင့်ဟဝန်ခံလာတဲ့ တရုတ်ဖိအားနောက်က မြေပြင်အကြပ်အတည်း၊ “တရုတ်ရဲ့ဘက်လိုက် ရပ်တည်ချက်နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအပေါ် တက်ရောက်မှု”

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ ဆွိဒင်ဝါရင့် သတင်းစာဆရာ Bertil Lintner - ဘာတေးလစ်တနား ကို "ဝ" လူငယ့်အသံက ဆက်သွယ် မေးမြန်းထားပြီး Wa News Land ကဖော်ပြတာကို ပြန်လည်ဖော်ပြပါတယ်။ "ဝ" ပြည်ဟာ တည်ငြိမ်အေးချမ်းတဲ့ ပြည်နယ်အဖြစ် ရပ်တည်ရှင်သန်လာတဲ့ နှစ်ပေါင်း (၄၀) ကာလထဲ တရုတ်ရဲ့ အပြင်းထန်ဆုံး ရှင်သန်ရေး အကြပ်အတည်း ဖိအားကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် (၂၀) ရက်က ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်း (ပန်ခမ်း)မှာ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲကို ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ဖြစ်ကြတဲ့ တအာင်းတပ်မတော် - TNLA, ကိုးကန့်တပ်မတော် - MNDAAနဲ့ ရှမ်းတပ်မတော် - SSPP တို့မှအကြီးတန်း ကိုယ်စားလှယ်တွေ အသီးသီး တက်ရောက်ခဲ့ကြပြီး "ဝ" ပြည်နယ်အနေနဲ့ ၎င်းရဲ့နိုင်ငံရေး၊ စစ်ရေးဆုံးဖြတ်ချက်တွေနဲ့အတူ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေထဲ အချက် (၄) ချက်ကို ဖွင့်ဟဝန်ခံခဲ့တာပါ။ (၁) "ဝ" ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်မှာ အစအဆုံး ပြောင်းလဲမှု မရှိခဲ့ပါ။ ငြိမ်းချမ်းရေး ရပ်တည်ချက် ခေါင်းစဥ်အောက်မှာ ပြည်သူလူထုတွေ အနေနဲ့ ငြိမ်းချမ်းစွာ ရပ်တည်နေထိုင်ရေး၊ ပညာရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ရှေ့ရှု့ကြောင်း ပါဝင်ပါတယ်။ "ဝ" တပ်ဟာ မြန်မာပြည်အရေးနဲ့…
Read More