Wa News Lsnd သတင်း

UWSA ၊ MNDAA ၊TNLA၊ NDAA ထိန်းချုပ်မြို့နယ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ် (၁၇) မြို့ကို စစ်ကောင်စီထုတ်ပြန်

UWSA ၊ MNDAA ၊TNLA၊ NDAA ထိန်းချုပ်မြို့နယ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ် (၁၇) မြို့ကို စစ်ကောင်စီထုတ်ပြန်

စက်တင်ဘာ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် ( UWSA) ၊ ကိုးကန့်တပ်မတော် ( MNDAA)၊ တအာင်းတပ်မတော် ( TNLA) နဲ့ ရှမ်းရှေ့ မိုင်းလားတပ် (NDAA) စတဲ့တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတော့တဲ့ မြို့နယ် (၁၇) မြို့ကို စစ်ကော်မရှင်ကမနေ့ စက်တင်ဘာလ (၁၄) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တယ်လို့ Wa News Lsnd သတင်းက စက်တင်ဘာ ၁၅ရက်မှာဖော်ပြပါတယ်။ ၎င်းမြို့နယ် (၁၄) မြို့ထဲ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော ၊ ပန်ဝိုင် ၊နမ့်ဆန် ၊ မန်တုံ ၊ ကုန်းကြမ်း ၊ လောက်ကိုင် ၊ နမ္မတူ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း ၊ မဘိမ်း ၊ မိုးမိတ် ၊ မိုင်းလား နဲ့ သိန္နီမြို့တို့ပါဝင်ပါတယ်။"ဝ" ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်/ ပါတီ - UWSA/ UWSP ထိန်းချုပ်နယ်မြေတွေမှာ အစိုးရ အဆက်ဆက် ဗိုလ်ချုပ်သန်းရွှေ၊ ဦးသိန်းစိန်၊ NLD လက်ထက်ကတည်းက ရွေးကောက်ပွဲ ကျင်းပဖို့ ခွင့်ပြုတောင်းဆိုချက်တွေကို "ဝ" တပ်က အကြိမ်ကြိမ်ငြင်းဆန်ခဲ့သလို "ဝ" တပ်ထိန်းချုပ်နေရာတွေဟာ ယခင်တည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်မရှိတဲ့ နယ်မြေဒေသတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ…
Read More
အသက် (၂၆)နှစ်အရွယ် မောင်ရွှေကပ်( “ဝ” လူငယ်)ဟာကွမ်းယာထွက်ဝယ်ချိန် အမည်မသိ လူတစ်စုရဲ့ ကားနဲ့အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာခံရ

အသက် (၂၆)နှစ်အရွယ် မောင်ရွှေကပ်( “ဝ” လူငယ်)ဟာကွမ်းယာထွက်ဝယ်ချိန် အမည်မသိ လူတစ်စုရဲ့ ကားနဲ့အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာခံရ

စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ နတ်မောက် ဘုန်းတော်ကြီးသင်း ပညာရေးကျောင်းမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် မောင်ရွှေကပ် ("ဝ" လူငယ်) ဆိုသူဟာ ကွမ်းယာထွက်ဝယ်ချိန်အတွင်း အမည်မသိ လူတစ်စုရဲ့ အတင်းအဓမ္မ ကားနဲ့ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရတယ်လို့ နီးစပ်သူတွေကပြောတယ်လို့ Wa News Lsnd သတင်းကစက်တင်ဘာ ၉ ရက်မှာဖော်ပြပါတယ်။ (more…)
Read More