WHO

WHO မှ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် အရေးပေါ် တုံ့ပြန်မှု တိုးမြှင့်ခြင်း၊ ဆေးဝါးနှင့် ထောက်ပံ့ရေး ပစ္စည်းများ တန်ချိန် ၁၀၀ ပံ့ပိုးပေးခြင်းနှင့် အရေးပေါ် ဆေးအဖွဲ့များက ညှိနှိုင်းနေ

WHO မှ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် အရေးပေါ် တုံ့ပြန်မှု တိုးမြှင့်ခြင်း၊ ဆေးဝါးနှင့် ထောက်ပံ့ရေး ပစ္စည်းများ တန်ချိန် ၁၀၀ ပံ့ပိုးပေးခြင်းနှင့် အရေးပေါ် ဆေးအဖွဲ့များက ညှိနှိုင်းနေ

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ငလျင်ဒဏ်ခံရသော မြန်မာနိုင်ငံအတွက် အထောက်အပံ့များ ပိုမိုအားကောင်းလာကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ယခုအချိန်အထိ ဆေးဝါးများ၊ ဆေးကိရိယာများနှင့် ရွက်ဖျင်တဲများ တန် ၁၀၀ နီးပါး ထောက်ပံ့ပေးထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးအကူအညီများ လိုအပ်နေသော လူဦးရေ ၁၂.၉ သန်းနီးပါး၏ ကြီးထွားလာနေသော ကျန်းမာရေးဆိုင်ရာ အကူအညီများကို ဖြည့်ဆည်းပေးနိုင်ရန် မြေပြင်တွင် အရေးပေါ်ဆေးအဖွဲ့များ ဖြန့်ကျက် ကူညီပေးလျက်ရှိသည်ဟု မတ်လ ၄ ရက်နေ့ကသတင်းထုတ်ပြန်သည်။ WHO သည် ဒူဘိုင်းရှိ Global Logistics Hub မှ ထောက်ပံ့ရေးပစ္စည်းများ ၃၅ တန်ဖြင့်ဧပြီ ၃ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပေးပို့ခဲ့သည်။ အစောပိုင်းက မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းမြို့တို့အတွက် ရန်ကုန်ရှိ အရေးပေါ် သိုလှောင်ရုံများမှ ဆေးဝါးများ၊ ဆေးနှင့် ခွဲစိတ်ခန်းသုံး ကိရိယာများ နှင့် ဘက်စုံသုံး ရွက်ဖျင်တဲများ အပါအဝင် တန်ချိန် ၆၀ ခန့်ရှိ ဒဏ်ရာသေတ္တာများကို ထောက်ပံ့ပေးခဲ့သည်။ ကျန်းမာရေး မိတ်ဖက်များ သတ်မှတ်ထားသည့် လိုအပ်ချက်အရ အသက်ကယ် ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံ ၀ယ်ယူလျက်ရှိပြီး လာမည့် သီတင်းပတ်တွင် WHO ၏ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာနမှ မြန်မာနိုင်ငံသို့ပေးပို့ရန် အဆင်သင့် ဖြစ်နေပါသည်။ (more…)
Read More
ထိုင်း-မြန်မာနယ်စပ်မှာယာယီစခန်းတွေ ထူထောင်ဖို့ အစီစဉ် ထိုင်းဘက်ကအဆင်သင့်ဖြစ်နေ

ထိုင်း-မြန်မာနယ်စပ်မှာယာယီစခန်းတွေ ထူထောင်ဖို့ အစီစဉ် ထိုင်းဘက်ကအဆင်သင့်ဖြစ်နေ

ဖေဖော်ဝါရီ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ယာယီဒုက္ခသည်စခန်းများ ထူထောင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ The Border Consortium (TBC) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဘန်ကောက်ပို့စ်သတင်းက ဖေဖော်ဝါရီ ၁၅ ရက်ကဖော်ပြသည်။ မကြာသေးမီက လက်ထောက်ပြည်ထဲရေး အမြဲတမ်းအတွင်းဝန် Chettha Mosikrat သည် ထိုင်းနိုင်ငံရှိ TBC ၏ ဒါရိုက်တာ Leon Henri Marie de Riedmatten နှင့်တွေ့ဆုံကာ မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများမှ ထွက်ပြေးလာသူများအတွက် ယာယီဒုက္ခသည်စခန်းများ ထားရှိပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ (more…)
Read More