ထိုင်း-မြန်မာနယ်စပ်တလျှောက် ငလျင်လှုပ်ခတ်မှု တိုးလာကြောင်းထိုင်းငလျင်စောင့်ကြည့်ရေးဌာနက ကနဦးသတိပေးချက် ထုတ်ပြန်ထား
ဇွန်လ ၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် မြန်မာနိုင်ငံအနီးတဝိုက်ဒေသများတွင် မကြာသေးမီက အသေးစားငလျင်များ လှုပ်ခတ်မှု အကြိမ်ရေ မြင့်တက်လာမှုကို ဌာနကထောက်ပြထားသည်။ ပြင်းအား နည်းပါးပြီး အပျက်အစီးမရှိသော်လည်း၊ တာဝန်ရှိသူများက အဆိုပါပုံစံအား အနီးကပ်စောင့်ကြည့်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်နေရန် အလေးပေးထားသည်ဟု The Nation သတင်းကဇွန်လ ၆ရက်ကဖော်ကြသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဝိုင်ယာမြို့နယ်တွင်ပြင်းအား ၁ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်သည်မြောက်လတ္တီတွတ် ၁၉.၄၂၄ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၉.၄၈၄ ဒီဂရီဏှိအနက် ၁ ကီလိုမီတာတွင်ဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။ အပျက်အဆီးမရှိသော်လည်း ငလျင်သည် လူနေရပ်ကွက်များအနီးတွင် ဖြစ်ပွားခဲ့ပြီး စောင့်ကြည့်ရန်အတွက် မှတ်သားဖွယ်ဖြစ်ရပ်တစ်ခုဟု ယူဆသည်။ တစ်ချိန်တည်းမှာ အိမ်နီးချင်းမြန်မာနိုင်ငံတွင်ဇွန်လ ၆ရက်နေ့နံနက်အစောပိုင်းတွင် ငလျင်သုံးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့သည်။ ထိုင်းနယ်စပ်နှင့် နီးကပ်နေခြင်းကြောင့် ထိုင်းဘူမိဗေဒပညာရှင်များ၏ အာရုံစိုက်မှုရရှိခဲ့ပါသည်။ ပထမငလျင်- နံနက် ၂ နာရီ ၂၁ မိနစ်တွင် ရစ်ခ်ျတာစကေး ၁.၇ အဆင့်ရှိ ငလျင်တစ်ခု မယ်ဟောင်ဆောင် အနောက်တောင်ဘက်၉၃ ကီလိုမီတာအကွာရှိ မြန်မာနိုင်ငံတွင် မြေက်လတ္တီတွတ်၁၉.၁၇၂ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၉၇.၀၉၄ဒီဂဏီတွင် လှုပ်ခတ်ခဲ့သည်။ (more…)