ကိုယ်ရေးအချက်အလက်များအားအိန္ဒိယအစိုးရထံ လွှဲပေး

ဒုက္ခသည်များ၏ကိုယ်ရေးအချက်အလက်များအားအိန္ဒိယအစိုးရထံ လွှဲပေးသည့် တာဝန်မဲ့လုပ်ရပ်အတွက် UNHCR India ရုံးကို ဖြေရှင်းအရေးယူပေးရန် အဖွဲ့ ၁၄၁ ဖွဲ့ တောင်းဆို

ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအပါအဝင် တခြားခိုလှုံသူမျာ၏ကိုယ်ရေးအချက်အလက်များအား အိန္ဒိယအစိုးရထံ လွှဲပေးခဲ့သောUNHCR India ရုံး၏တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်များကို ဖြေရှင်းအရေးယူပေးရန်မြန်မာပြည်သူလူထုနှင့်ပြည်တွင်း/ပြည်ပ မြန်မာအဖွဲ့အစည်း ၁၄၁ ဖွဲ့က ဆွစ်ဇာလန်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်ဟုဇူလိုင်လ ၄ ရက်တွင်ထုတ်ပြန်ကြောင်း BNI သတင်းကဖော်ပြသည်။ အိတ်ဖွင့်ပေးစာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ၌ခိုလှုံရန်ရောက်ရှိလာသောမြန်မာနိုင်ငံသား၁၀,၀၀၀ကျော်သည်UNHCR India ရုံးတွင်ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကာ အကာကွယ်တောင်းခံခဲ့ကြပြီး ယင်းတိုအထဲ၌ စစ်ကောင်စီ၏ပစ်မှတ်ထားခြိမ်းခြောက်မှုခံရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်ရေးကာကွယ်သူများနှင့်အခြားလုံခြုံရေး အထူးလိုအပ်သူများ အများပြားပါရှိခဲ့ပြီး ဤဒုက္ခသည်များ၏ လျှို့ဝှက်ရမည့်ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံကို UNHCR India ရုံးက လုံလောက်သည့်အကာအကွယ်မရှိဘဲ လွှဲပြောင်းပေးခဲ့သည်ဟု ပါရှိသည်။ (more…)
Read More