၂၀၂၄ ခုနှစ်တွင် ရွှေ့ပြောင်းအခြေခံသူများ သေဆုံးမှု စံချိန်တင်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြား
မတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းများတွင် အနည်းဆုံး လူပေါင်း ၈၉၃၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြခဲ့ပြီး အသေအပျောက်အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သို့သော် အထောက်အထားမဲ့ သေဆုံးမှု အများအပြားကြောင့် အမှန်တကယ်သေဆုံးသူသည် “ပိုမိုများပြားဖွယ်ရှိသည်” ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်ဟု AFP သတင်းက မတ်လ ၂၄ ရက်တွင်ဖော်ပြသည်။ “ကမ္ဘာတစ်ဝှမ်းမှာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တိုးလာနေတာဟာ ကြေကွဲစရာကောင်းပြီးတားဆီးလို့ရနိုင်သလိုလက်ခံနိုင်စရာမရှိပါဘူး” ဟု ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Ugochi Daniels က မတ်လ ၂၁ ရက် အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ "နံပါတ်တိုင်းရဲ့နောက်ကွယ်မှာ လူသားတစ်ယောက်ရှိတယ်၊ ဆုံးရှုံးမှုက ဆိုးရွားလွန်းတဲ့ လူတစ်ယောက်ပါ။"ဟုသူကဆက်ပြောသည်။ (more…)