ခြိမ်းခြောက်မှု

ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကြားတွင်ထိုင်း နယ်စပ်လုံခြုံရေး အစီအမံများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကြားတွင်ထိုင်း နယ်စပ်လုံခြုံရေး အစီအမံများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

မတ်လ ၂၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ မြင့်တက်လာနေချိန်တွင် ထိုင်းအစိုးရက နယ်စပ်လုံခြုံရေး အစီအမံများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းက မတ်လ ၂၃ရက်တွင်ဖော်ပြသည်။ အမျိုးသားလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai သည် မတ်လ ၂၂ ရက်နေ့က ပြုလုပ်သည့် နယ်စပ်ဒေသများတွင် လုံခြုံရေးခြိမ်းခြောက်မှုများ တားဆီးရေးနှင့် ဖြေရှင်းရေး ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် တာဝန်ရှိသူများက ဆိုက်ဘာရာဇ၀တ်ကောင်များနှင့် လူကုန်ကူးသူများဟု သံသယရှိသော မြန်မာနိုင်ငံဘက်ရှိနေရာအချို့သို့ လောင်စာဆီတင်ပို့မှု၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးအချက်ပြမှုများကို ရပ်ဆိုင်းပြီးနောက် လုံခြုံရေးအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့သည်။ (more…)
Read More