ဂျပန်တွင်သံသယဖြစ်ဖွယ်ရှိသော

ဂျပန်တွင်သံသယဖြစ်ဖွယ်ရှိသောတရားခံကို မြန်မာနိုင်ငံမှအွန်လိုင်းငွေလိမ်ဂိုဏ်းသို့ဆယ်ကျော်သက်အရွယ်အား လူကုန်ကူးမှုလိမ်လည်လှည့်ဖြားမှုဖြင့် ဖမ်းဆီး

ဂျပန်တွင်သံသယဖြစ်ဖွယ်ရှိသောတရားခံကို မြန်မာနိုင်ငံမှအွန်လိုင်းငွေလိမ်ဂိုဏ်းသို့ဆယ်ကျော်သက်အရွယ်အား လူကုန်ကူးမှုလိမ်လည်လှည့်ဖြားမှုဖြင့် ဖမ်းဆီး

မေလ ၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ဂျပန်နိုင်ငံမီယာဂီစီရင်စု ရဲတပ်ဖွဲ့သည် စီရင်စုမှ အသက် ၁၇ နှစ်အရွယ်အထက်တန်းကျောင်းသားတစ်ဦးပျောက်ဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်နိုင်ငံတကာသို့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုအတွက် လူကုန်ကူးသူဟု သံသယရှိသူ တစ်ဦးကို မေလ ၇ ရက်က ဖမ်းဆီးခဲ့သည်ဟု အဆာဟိရှင်ဘွန်းသတင်းက မေလ ၈ရက်တွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ Tomu Fujinuma သည် အသက် (၂၉ နှစ်)သည် ဆယ်ကျော်သက် လူငယ်တစ်ဦးအား ဇန်နဝါရီ ၁၀ ရက်က ထိုင်းနိုင်ငံ လေဆိပ်တစ်ခုတွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ ငွေလိမ်လည်မှုစင်တာတွင် အလုပ်ခိုင်းစေရန်အတွက်မြန်မာနိုင်ငံသို့သွားရောက်ရန်လိမ်လည်စည်းရုံး ဆွဲဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆယ်ကျော်သက်ကို ဖူဂျီနူမာအွန်လိုင်းဂိမ်းမှတဆင့်ထိုင်းတွင် ရိုးရှင်းစွာဖြင့်ငွေရလွယ်သောအလုပ်ရရှိမည်ကတိပေးသည့် တွဲဖက်တစ်ဦးကအွန်လိုင်းဆက်သွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (more…)
Read More