မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ ရုရှားသွားခဲ့
ဇူလိုင်လ ၁၊ ၂၀၂၅။ သောင်ရင်းငတင်းလွှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည် မြန်မာစစ်တပ်နဲ့ဆက်ဆံရေးနီးစပ်သည့်ရုရှားနိုင်ငံသို့လွန်ခဲ့သော တစ်ပတ်က သွားရောက်ခဲ့သည်ဟု BBC သတင်းက ဇွန်လ ၃၀ရက်တွင်ဖော်ပြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သော ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုသို့ရောက်နေသည်ဟုသူ့၏လူမှုကွန်ရက် အင်စတာဂရမ်တွင်နင်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံနှင့် Red Square ရှေ့မှဓာတ်ပုံများကိုလည်း တင်ထားသည်ကိုတွေ့ရသည်။ ဤခရီးစဉ်၌ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sergey Vershinin နှင့်တွေ့ဆုံခဲ့သည်ကို သူ၏လူမှုကွန်ရက်က ဓာတ်ပုံတွင်တွေ့ရသည်။ ယခု ရုရှားသို့ သူသည် မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်အနေနှင့်သွားရောက်သည်ဆိုသည်ကို သူ၏အင်တာဂရမ်က ပုံတွင် ဖော်ပြထားသော်လည်းခရီးစဉ်ထဲက ဆွေးနွေးချက်ကိုတော့ မသိရပါ။ (more…)