ငွေလိမ်ဂိုဏ်း

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများကို DKBA ကပြောင်းရွှေ့နေရာချ

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများကို DKBA ကပြောင်းရွှေ့နေရာချ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) သည် အီသီယိုးပီးယား၊ ကင်မရွန်း၊ ရဝမ်ဒါ၊ နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်၊ မာလာဝီ၊ ဇင်ဘာဘွေနှင့် ဗီယက်နမ် စသည့် လူမျိုးများပါဝင်သော နိုင်ငံခြားသား ၂၇၇ ဦးကို ပြောင်းရွှေ့နေရာချထားကြောင်း Khaosod သတင်းကဧပြီ ၁၈တွင်ဖော်ပြသည်။ (more…)
Read More
 မြဝတီအွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်ခဲ့သည့် တရုတ် ၇ဦးကို မဲဆောက်မှာထပ်ဖမ်းမိ

 မြဝတီအွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်ခဲ့သည့် တရုတ် ၇ဦးကို မဲဆောက်မှာထပ်ဖမ်းမိ

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံထဲသို့တရားမဝင် ခိုးဝင်လာသည့် အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင်လုပ်ကိုင်နေသောတရုတ်နိုင်ငံသား ၇ ဦးကိုမဲဆောက်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း Khaosod သတင်းကမတ်လ ၈ရက်တွင်ဖော်ပြသည်။ လျှပ်စစ်မီးနှင့် လေအေးပေးစက်များ ပြတ်တောက်ပြီးနောက် သည်းမခံနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာချိန်တွင် ကရင်ပြည်နယ် မြဝတီမြို့ရှိ အသက် ၁၈ နှစ်မှ ၂၈ နှစ်ကြား အလုပ်သမားများသည် ၎င်းတို့၏ လုပ်ငန်းခွင်မှ ထွက်ပြေးခဲ့ကြသည်။ တာ့ခရိုင် မဲဆောက်မြို့ ဘန်ရိုင်ဒွန်ချိုင်းအနီး တောအုပ်တစ်ခုတွင် သံသယရှိသူများကို ရတ်ချမန်နု အထူးတပ်ဖွဲ့က ဧပြီ ၇ ရက်က ဖမ်းဆီးခဲ့သည်။ ပတ်စပို့ သို့မဟုတ် သက်သေခံစာရွက်စာတမ်းများ ကိုင်ဆောင်ထားခြင်းမရှိသဖြင့်ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူနိုင်ရန် တာ့ခ်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။
Read More
ထိုင်း-မြန်မာနယ်စပ်တွင် ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းပြီးနောက် ရာနှင့်ချီသောသူများအကြားတွ၈်ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၁ ဦးတွေ့ရှိ

ထိုင်း-မြန်မာနယ်စပ်တွင် ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းပြီးနောက် ရာနှင့်ချီသောသူများအကြားတွ၈်ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၁ ဦးတွေ့ရှိ

မတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံတွင် တရားမဝင် ငွေလိမ်လည်သည့်ဂိုဏ်းများမှကယ်တင်ခံရပြီးနောက်သောင်တင်နေသော လူပေါင်း ၂,၄၀၀ ကျော်တွင် ကိုယ်ဝန်ဆောင် ၁၁ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံတွင် ဆေးကုသရန် အရေးပေါ် လိုအပ်နေကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက မတ် ၂၁ ရက်တွင် ပြောသည်။ အဆိုပါ အမျိုးသမီး ၁၁ ဦးသည် ခက်ခဲကြမ်းတမ်းသော နေရေးထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာ မလုံလောက်မှုတို့ဖြင့် စခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရ ကြောင်း လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်မှ ညှိနှိုင်းရေးမှူး ဂျေးခရစ်တီယာက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်ဟု The Straits Times သတင်းက မတ်လ ၂၁ ရက်တွင်ဖော်ပြသည်။ "ကိုယ်ဝန်သုံးလကနေ လေးလအထိ အမျိုးသမီး ၁၂ ယောက်ရှိတယ်" ဟု ဂျီးကပြောသည် "သူတို့ထဲက တစ်ယောက်က လွန်ခဲ့တဲ့ နှစ်ရက်က ကိုယ်ဝန်ပျက်ကျခဲ့တယ်"ဟုသူကဆက်ပြောသည်။ ထိုင်းနိုင်ငံသည် ရာဇ၀တ်ဂိုဏ်းများမှ လူကုန်ကူးသည့်သူများကို မကြာခဏအသုံးပြုကာ နှစ်စဉ်နှစ်တိုင်း လိမ်လည်မှုများမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ထုတ်ပေးသည့် အရှေ့တောင်အာရှ လိမ်လည်မှုကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာနိုင်ငံရှိလိမ်မှုကွန်ရက်များကို ဖြိုဖျက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ (more…)
Read More
ကင်ညာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို မြန်မာနိုင်ငံတွင် ပိတ်မိနေသော လိမ်လည်မှုစင်တာများမှ ကယ်တင်နိုင်ခဲ့

ကင်ညာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို မြန်မာနိုင်ငံတွင် ပိတ်မိနေသော လိမ်လည်မှုစင်တာများမှ ကယ်တင်နိုင်ခဲ့

မတ်လ ၄၊၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့်ကျော်ကြားသောအွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ကယ်တင်ခဲ့သည့် ကင်ညာနိုင်ငံသား ၆၀ ကျော်သည် ထိုင်းနိုင်ငံနှင့် နယ်စပ်တွင် ဆိုးရွားသော အခြေအနေတွင် ပိတ်မိနေကြောင်း အရှေ့အာဖရိကနိုင်ငံမှ သိရသည်ဟု Peninsula သတင်းဌာနကမတ်လ ၃ ရက်ကဖော်ပြသည်။ မြန်မာနိုင်ငံ၏ ဥပဒေမဲ့နယ်စပ်များတွင် နှစ်အတော်ကြာ ကြီးထွားလာခဲ့သည့်အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများသည် လစာမြင့်မားသည့် အလုပ်များပေးမည်ဟု ကတိဖြင့် နိုင်ငံခြားအလုပ်သမားများကို ဆွဲဆောင်လျက်ရှိသည်။ (more…)
Read More
တရုတ်နိုင်ငံသားအယောက် ၅၀ ကို မဲဆောက်ကနေတရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် ပို့ဆောင်

တရုတ်နိုင်ငံသားအယောက် ၅၀ ကို မဲဆောက်ကနေတရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် ပို့ဆောင်

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ပထမဦးဆုံး တရုတ်နိုင်ငံသား အယောက် ၅၀အဖွဲ့သည် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern Airlines လေယာဉ်ဖြင့် တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ပို့ဆောင်ခဲ့သည်ဟု The Nation သတင်းက ဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။ (more…)
Read More
စစ်တမ်းတစ်ခုတွင်မြန်မာအွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းဒေသဆိုင်ရာအရာရှိများပါဝင်ပတ်သက်မှုကို သံသယရှိနေကြ

စစ်တမ်းတစ်ခုတွင်မြန်မာအွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းဒေသဆိုင်ရာအရာရှိများပါဝင်ပတ်သက်မှုကို သံသယရှိနေကြ

ဖေဖော်ဝါရီ ၁၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းလူမျိုးအများစုသည် ခေါ်ဆိုရေးစင်တာဂိုဏ်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား၊လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြပြီး တရားမ၀င်လုပ်ဆောင်မှုများသည် ထိုင်းအစိုးရအရာရှိများထံမှ အကူအညီများရရှိမည်ဟု ယုံကြည်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု(NIDA)၏ စစ်တမ်းတစ်ခုက ဆိုသည်ဟု ဘန်ကောက်ပို့စ်သတင်းက ဖေဖော်ဝါရီ ၁၇ ရက်ကဖော်ပြသည်။ Nida စစ်တမ်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ၁၁ ရက်အထိ နိုင်ငံတစ်ဝန်း ပညာရေးနှင့် အလုပ်အကိုင် အဆင့်အသီးသီးမှ အသက် ၁၈ နှစ်နှင့်အထက် လူ ၁၃၁၀ ဦးတို့ကို ပြုလုပ်ခဲ့သည်။ (more…)
Read More