စီစီတီဗီသတင်းဌာနက သတင်းဖော်ပြ

ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့ သားနဲ့ မြေးအပါအဝင် ၁၁ ဦးကို တရုတ် သေဒဏ်အမိန့်ချ

ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့ သားနဲ့ မြေးအပါအဝင် ၁၁ ဦးကို တရုတ် သေဒဏ်အမိန့်ချ

စက်တင်ဘာ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကွယ်လွန်သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း စတဲ့ မြီမိသားစုအပါအဝင် လူ ၁၁ ဦးကို တရုတ်တရားရုံးတစ်ရုံးက ‌ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက သတင်းဖော်ပြတယ်လို့ BBC ကဆိုပါတယ်။ တရုတ်နိုင်ငံ၊ ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုပြည်သူ့တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တာဖြစ်တာလို့ သတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်သူတွေအပေါ် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)နဲ့ တခြားရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာကြောင့် မြီရှောက်ချန်းရဲ့သား၊ သမီးနဲ့ မြေးတို့အပါအဝင် လူ ၄၀ နီးပါးကို တရုတ်ဘက်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးပြီး စွဲချက်တင်ခဲ့ပါတယ်။ မြီမိသားစုကိုတော့ လိမ်လည်မှု၊ နိုင်ငံတကာအဆင့်လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိလူထိခိုက်စေမှု၊ လူတွေကိုတရားမဝင်ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်းထောင်မှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂ နှစ်နီးပါးအကြာမှာ အခုလို သေဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ (more…)
Read More