တရုတ်နိုင်ငံ Anhui ပြည်နယ်

တရုတ်နိုင်ငံ Anhui ပြည်နယ်ကလူငယ်မြန်မာမှ ဘေးကင်းစွာ ပြန်လာ

တရုတ်နိုင်ငံ Anhui ပြည်နယ်ကလူငယ်မြန်မာမှ ဘေးကင်းစွာ ပြန်လာ

ဇူလိုင်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တစ်လကျော်ကြာ ပျောက်ဆုံးနေသည့် Anhui ပြည်နယ် Lujiang ခရိုင်မှ အသက် ၁၈နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးဟာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာတယ်လို့ China Daily သတင်းကဇူလိုင် ၂၆ ရက်ကဖော်ပြသည်။၎င်းရဲ့ဖခင်ဖြစ်သူကလည်း China Daily ကို ပြောပါတယ်။ Hu Yixiao ရဲ့ဖခင် Hu Zongbing က၎င်းရဲ့သားဖြစ်သူ ပြန်လည်ရောက်ရှိလာတာကို ဇူလိုင် ၂၅ရက်ကအတည်ပြုခဲ့ပြီးမိသားစုပြန်လည်ဆုံဆည်းမှုအတွက် စိတ်လှုပ်ရှားစွာထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း အမှုနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ China Central Television ရဲ့ဖော်ပြချက်အရ အဆိုပါ လူငယ်သည် ယူနန်ပြည်နယ် Pu'er ရှိ ဆိပ်ကမ်းတစ်ခုကတစ်ဆင့် တရုတ်နိုင်ငံကိုဘေးကင်းစွာ ပြန်လာခဲ့တယ်လို့သိရပါတယ်။ Hu Yixiaoပျောက်ဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ သူဟာAnhui၊ Jiangsu ပြည်နယ် Nanjing မှာ Ma'anshan နဲ့ယူနန်ပြည်နယ်ကူမင်းမြို့ကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းရဲ့လမ်းမှာ နောက်ဆုံးတွင် ယူနန်ပြည်နယ် Xishuangbanna မှာရပ်တန်သွားခဲ့ပါတယ်။ ဇူလိုင် ၂၃ရက်နေ့မှာ Hu ၏ မိဘတွေကမြန်မာနိုင်ငံရှိ တယ်လီကွန်းလိမ်လည်မှုလို့သံသယရှိတဲ့ဆိုက်တစ်ခုမှ သားဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇူလိုင် ၂၅ရက်နေ့ နံနက်မှာတရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မယ်လို့သတင်းများ ထွက်ပေါ်လာခဲ့တညကိုလည်း အစီရင်ခံစာတွေမှာဖော်ပြပါတယ်။ Hu Yixiao ကဧပြီလကHefei မှာအလုပ်ရှာဖို့ Lujiang က ထွက်ခွာသွားတယ်လို့တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ (more…)
Read More