တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာသိမ်းစစ်ခေါင်းနဲ့ တွေ့ဆုံ
ဩဂုတ်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်နဲ့ ဆိပ်ကမ်းမြို့ Tianjin မှာ သြဂုတ် ၃၀ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာကဖော်ပြပါတယ်။ မင်းအောင်လှိုင်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၂၀၂၅ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ဂျပန်ကျူးကျော်စစ်နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး တရုတ်ပြည်သူ့စစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရာမှာ အရှေ့စစ်မြေပြင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး SCO ရဲ့ အရေးကြီးတဲ့ဆွေးနွေးဖက်အဖြစ် ရပ်တည်နေကြောင်း ရှီက မှတ်ချက်ပြုခဲ့ပါတယ်။ ရှီက နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ မျှဝေထားတဲ့ အနာဂတ်နဲ့အတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်ရန်နဲ့ နှစ်နိုင်ငံ ပြည်သူတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် တောင်းဆိုခဲ့ပါတယ်။ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ကျယ်ပြန့်တဲ့ ပြည်တွင်းနိုင်ငံရေး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ရှီက ပြောကြားခဲ့ပါတယ်။ (more…)