ထိုင်း-ကမ္ဘောဒီးယားနယ်စပ်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အကျပ်အတည်းကာလမှာ အရပ်သားဆေးရုံတွေကို တိုက်ခိုက်ခြင်းကို ဂျနီဗာကွန်ဗင်းရှင်းမှာ တားမြစ်ထား

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အကျပ်အတည်းကာလမှာ အရပ်သားဆေးရုံတွေကို တိုက်ခိုက်ခြင်းကို ဂျနီဗာကွန်ဗင်းရှင်းမှာ တားမြစ်ထား

ဇူလိုင်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဂျီနီဗာကွန်ဗင်းရှင်းက အရပ်သားဆေးရုံတွေကို တိုက်ခိုက်တာကို တားမြစ်ထားပါတယ်။ Phanom Dong Rak ဆေးရုံကို ကမ္ဘောဒီးယားက တိုက်ခိုက်မှုကို ထိုင်းနိုင်ငံက ရှုတ်ချပြီး ၎င်းဟာကြီးလေးသော ချိုးဖောက်မှုလိုခေါ်ဆိုတယ်လို့ The Nation သတင်းကဇူလိုင် ၂၅ရက်မှာဖော်ပြပါတယ်။ မကြာသေးမီက ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုကြောင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ အခြေအနေဟာပိုမိုတင်းမာလာခဲ့ပါတယ်။ ကမ္ဘောဒီးယားစစ်တပ်က BM-21 ဒုံးပျံနဲ့ပစ်ခတ်ခဲ့ပြီး အဓိကပစ်မှတ်များထဲက တစ်ခုဟာဆူရင်ခရိုင်၊ Kap Choeng မြို့ရှိ Phanom Dong Rak ဆေးရုံဟာ အရပ်ဘက် ကျန်းမာရေး စောင့်ရှောက်မှု ပေးဆောင်တဲ့ နေရာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ အထူးသဖြင့် ဂျီနီဗာကွန်ဗင်းရှင်းတွေကို ချိုးဖောက်မှုဖြစ်နိုင်ချေရှိတဲ့အလားအလာတွေကို ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်မှုဖြစ်စေပါတယ်။ (more…)
Read More
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ရှိ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ရှိ

ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပြီး တိုက်ပွဲတွေကြောင့်အသေအပျောက် များတယ်လို့ The Nation သတင်းက ဇူလိုင် ၂၅ရက်မှာဖော်ပြပါတယ်။ နယ်စပ်တလျှောက်မှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ဖို့ ဆွေးနွေးဖို့ ကောင်စီက ဒီသောကြာနေ့မှာ ခေါ်ယူမှာ ဖြစ်ပါတယ်။ သံတမန်သတင်းရင်းမြစ်တစ်ဦးကလည်း AFP သတင်းဌာနကိုတွေ့ဆုံမှုကို အတည်ပြုခဲ့ပါတယ်။ ဒီသီးသန့်အစည်းအဝေးကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ဒေသစံတော်ချိန် ညနေ ၃ နာရီ သို့မဟုတ် စနေနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၂ နာရီမှာ ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအတောအတွင်း ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ဟာဇူလိုင် ၂၁ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂမှာကျင်းပတဲ့ High-Level Political Development Forum on Sustainable Development 2025 (HLPF2025) မှာထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ (more…)
Read More