ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဘန်ကောက်မြို့ထဲကချာတူချောက်မှာပစ်ခတ်မှုဖြစ်လို့ လူ ၄ ဦးသေဆုံး

ထိုင်းနိုင်ငံဘန်ကောက်မြို့ထဲကချာတူချောက်မှာပစ်ခတ်မှုဖြစ်လို့ လူ ၄ ဦးသေဆုံး

ဇူလိုင်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက ဘန်ကောက်မြို့ Chatuchak ရှိ Or Tor Kor ဈေးအတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအစောင့် လေးဦး သေဆုံးခဲ့တယ်လို့ Khaosod သတင်းကဖော်ပြပါတယ်။ (more…)
Read More
အပူပိုင်းမုန်တိုင်း Wipha ကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မည်

အပူပိုင်းမုန်တိုင်း Wipha ကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မည်

ဇူလိုင်လ ၂၂၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ အပူပိုင်းမုန်တိုင်း Wipha သည် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်အလယ်ပိုင်း၊ အရှေ့နဲ့တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) အပါအဝင် ဒေသအသီးသီးမှာမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မယ်လို့ခန့်မှန်းရတယ်လို့ The Nation သတင်းက ဇူလိုင် ၂ရက်မှာဖော်ပြပါတယ်။ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့အဆိုအရ မုန်တိုင်းဟာ တုံကင်ပင်လယ်ကွေ့ကို ရွေ့လျားသွားကြောင်း သိရပါတယ်။ ညနေ ၄ နာရီအချိန်ခန့်မှာ ဗီယက်နမ်နိုင်ငံ Thai Binh ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာမှာတည်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၈၅ ကီလိုမီတာ ရှိကြောင်း သိရပါတယ်။ မုန်တိုင်းဟာလက်ရှိမှာတော့အနောက်-အနောက်တောင်ဘက်ကို တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းနဲ့ရွေ့လျားနေပြီး ဇူလိုင် ၂၂ ရက်မှာဗီယက်နမ်နိုင်ငံ Thai Binh ကုန်းတွင်းပိုင်းကို၀င်ရောက်ပြီး အပူပိုင်းလေဖိအားနည်းရပ်ဝန်းမှ အားပျော့သွားပြီး ထို့နောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်သို့ ရောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ (more…)
Read More
အာဆီယံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တွင် ထိုင်းနိုင်ငံပါဝင် မည်

အာဆီယံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တွင် ထိုင်းနိုင်ငံပါဝင် မည်

ဇူလိုင်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ တာဝန်ရှိသူများသည် လာမည့်လတွင် နေပြည်တော်၌ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကဇူလိုင်လ ၉ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဇူလိုင်လ ၁၁ရက်တွင်ဖော်ပြသည်။ ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကွာလာလမ်ပူတွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်ပြီးနောက် မစ္စတာ Maris က အာဆီယံ၏ ငြိမ်းချမ်းရေး ပဏာမခြေလှမ်းအတွက် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို အတည်ပြုခဲ့သည်။ ဇူလိုင် ၉ရက်နေ့က မြန်မာ့အကျပ်အတည်းကို အဓိကထား အလွတ်သဘောတွေ့ဆုံမှုအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အခြေအနေကို ဖြေရှင်းရန်အတွက် မူဘောင်အဖြစ် အာဆီယံ၏ သဘောတူညီမှုငါးရပ်ကို ထောက်ခံကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့ပါသည်။ ယခုနှစ်အာဆီယံဥက္ကဋ္ဌ မလေးရှားသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်းအတွက် ကြိုတင်လိုအပ်ချက်အဖြစ် နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး အရေးတကြီးလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကြောင်း Mr Maris က မှတ်ချက်ပြုခဲ့သည်။ “အာဆီယံက မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်ငြိမ်ပြီး ပြည်သူတွေအတွက် ဘေးကင်းတဲ့ နိုင်ငံဖြစ်အောင် မြင်စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ (more…)
Read More
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ရဲများ၏ ငွေညှစ်ယူမှုဖြစ်စဉ်များအား DSI သို့အတိုက်အခံအမတ်များကတိုင်ကြား

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ရဲများ၏ ငွေညှစ်ယူမှုဖြစ်စဉ်များအား DSI သို့အတိုက်အခံအမတ်များကတိုင်ကြား

ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ရဲများ၏ ငွေညှစ်ယူမှုဖြစ်စဉ်များအား အုပ်စုလိုက်ဒုစရိုက်မှုနှင့် နိုင်ငံတော် အကျင့်ပျက်ခြစားမှုတို့နှင့် ဆက်စပ်သည့် အထူးအမှုအဖြစ် သတ်မှတ်စစ်ဆေးရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ကို အဓိက အတိုက်အခံ နိုင်ငံပါတီ People’s Party ၏ လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုလိုက်ကြောင်း Thai Enquirer သတင်းက ဇူလိုင် ၄ရက်တွင် ဖော်ပြထားသည်။ သြဇာကြီးမားသော အဖွဲ့အစည်းများနှင့် အစိုးရအရာရှိများက အကာအကွယ်ပေးသည့် ယင်းကဲ့သို့ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးရန် People’s Party ပါတီ၏အမတ် ဝီရော့လခ်ခန် အာဆီဆွန်နှင့် တာ့ခ်ခရိုင်အမတ် ရာချာပွန် ဆရွိုင်ဆူဝမ်တို့က DSI အကြီးအကဲ ရဲမှူးကြီး ယွတ်ထာနဖယ်ဒန်ထံသို့ သက်သေအထောက်အထားများ တင်သွင်းခဲ့ကြသည်။ (more…)
Read More
ထိုင်းနိုင်ငံတွင် မြန်မာ၂ဦးအပါအဝင် နိုင်ငံခြားသား ၅ဦးကိုရဲကဖမ်းဆီး

ထိုင်းနိုင်ငံတွင် မြန်မာ၂ဦးအပါအဝင် နိုင်ငံခြားသား ၅ဦးကိုရဲကဖမ်းဆီး

ဇွန်လ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံခိုဖန်ဂန်တွင် တရားမ၀င်အလုပ်လုပ်ကိုင်မှု၊ ဗီဇာရက်လွန်မှု၊ မူးယစ်ဆေးဝါးနှင့် သေနတ်နှင့်ပတ်သက်သည့် ပြစ်မှုတို့ပါဝင်သည့် သီးခြားအမှု ၃ ခုအတွက်နိုင်ငံခြားသား၅ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းကဇွန်လ၇ရက်နေ့တွင်ဖော်ပြသည်။ ခရီးသွားရဲများ ဘေးကင်းစေရန်နှင့် ကမ္ဘာလှည့်ခရီးသည်များအဖြစ် ဂုဏ်သိက္ခာရှိစေရန် ကျွန်း၏ဂုဏ်သတင်းကို ထိန်းသိမ်းရန် တပ်ဖွဲ့ဝင်အားလုံးကို ညွှန်ကြားထားသည့် ရဲတပ်ဖွဲ့ဝင်များသည်ရတိယရဲဗိုလ်ချုပ်ကြီး Saksira Pheuak-um ၏ အမိန့်အရနှင့် ပြည်တွင်းမီဒီယာများ၏ အဆိုအရ ခရီးသွားရဲတပ်ဖွဲ့က နိုင်ငံခြားသား၅ဦးအား ​ဇွန်လ ၆ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ပထမအမှုမှာ မူး(၃)ကျေးရွာရှိ နေအိမ်တွင် သစ်သားလုပ်ငန်းဖြင့် ကျယ်လောင်စွာ ထုနှက်နေသောကြောင့်ဆူညံသံများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကိုပထမအကြိမ် တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က နယ်သာလန်နိုင်ငံသား Manuel Van Den Bovenkamp (၄၅)နှစ်သည်မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူသာထွန်းဇိုင် (၃၆)နှစ်တို့ကို တစ်ရက်လျှင် ဘတ် ၅၀၀ဖြင့် လက်သမားအဖြစ် လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည်။ Mr Van Den Bovenkamp သည် ထိုင်းဥပဒေအရ တားမြစ်ထားသော အလုပ်အတွက် နိုင်ငံခြားအလုပ်သမားတစ်ဦးကို တရားမဝင် အလုပ်ခန့်ထားပြီး လိုအပ်သော ၁၅ ရက်တာကာလအတွင်း အာဏာပိုင်များထံ အလုပ်အကိုင်အသေးစိတ်သတင်းပို့ရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။ သာထွန်းဇိုင်သည်လည်းခွင့်ပြုထားသော အလုပ်တာဝန်၏ ပြင်ပတွင် လုပ်ကိုင်ခြင်းတို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ (more…)
Read More
ထိုင်းနိုင်ငံသည် စီးပွားရေးဖိအားပေးမှုများနှင့် ပြည်တွင်းနိုင်ငံရေးတိုက်ပွဲများကြားတွင် နယ်စပ်မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရ

ထိုင်းနိုင်ငံသည် စီးပွားရေးဖိအားပေးမှုများနှင့် ပြည်တွင်းနိုင်ငံရေးတိုက်ပွဲများကြားတွင် နယ်စပ်မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရ

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ရာထူးသက်တမ်း ကိုးလကျော်သာရှိသေးသည့် ပေထောင်တန်ရှင်နာဝပ်ထရာသည် အိမ်နီးချင်းနိုင်ငံများ၏ လေးစားမှုကင်းမဲ့မှုကို ဖြစ်ပေါ်စေသည့် အားနည်းပြီး ပြည်တွင်းအကွဲအပြဲများကြောင့်အစိုးရအပေါ် စိုးရိမ်မှုများကြားတွင် နယ်စပ်ဒေသတွင်စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်ဟု The Nation သတင်းကမေ ၂၉ရက်တွင်ဖော်ပြသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ပြီးခဲ့သည့်နှစ် နိုင်ငံရေးမဲဆွယ်ပွဲအတွင်း “သက်ဆင်ပြန်လာကြောင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ပြောပါ” ဟု ရဲဝံ့စွာ ကြေငြာခဲ့ပြီးနောက်ပိုင်း အစိုးရသစ်၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီအစဉ်ကို အမျိုးသားအဆင့် အစီအစဉ်အဖြစ် ကြေညာပြီးနောက် ထိုင်းနိုင်ငံသည် ၎င်း၏ မြောက်ပိုင်းနယ်စပ်တလျှောက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဆက်နွှယ်သည့် ပြဿနာများ မြင့်တက်လာနေသည်။ ထိုင်းနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်တို့နှင့် ဆန့်ကျင်ဘက်တွင် အကြီးဆုံး မူးယစ်ဆေးဝါး ထုတ်လုပ်မှု စင်တာများ တည်ရှိပြီး နယ်စပ်ဒေသများမှတဆင့် မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံသို့ ဝင်ရောက်ကာ ဘန်ကောက်နှင့် အနီးတစ်ဝိုက်ရှိ ပြည်နယ်များသည် ထိုင်းနိုင်ငံ တောင်ပိုင်းသို့ လူကုန်ကူးမှု မပြုမီ ထိပ်တန်းနေရာများအဖြစ် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအစိုးရ၏ ရည်ရွယ်ချက်မှာ ပြည်တွင်း မူးယစ်ဆေးဝါးပြဿနာများ ပပျောက်ရေးသာမက အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် တည်ရှိသည့် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများကို ဖျက်သိမ်းရန်လည်း ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် တင်းမာမှုများ တိုးမြင့်လာကာ အထူးသဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်သည့် နေရာကြီးများနှင့် နယ်မြေအငြင်းပွားမှုများတွင် ပါ၀င်နေသည်ဟု သံသယရှိသည့် ဝနီပြည်သူ့စစ်များ(UWSA)၏ လွှမ်းမိုးမှုရှိသည့် ဒေသများတွင် တင်းမာမှုများ မြင့်တက်လာသည်။ မဖြေရှင်းရသေးသော နယ်နိမိတ်မျဉ်းများသည်…
Read More
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသားကိုပစ်ခတ်မှု ဖြစ်ပွားခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသားကိုပစ်ခတ်မှု ဖြစ်ပွားခဲ့

မေလ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးသည်ရှိရာလုပ်ငန်းခွင်သို့ ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု The Thaiger သတင်းက မေလ ၁၁ရက်တွင်ဖော်ပြသည်။ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လပ်ဆောင်းမြိုနယ်ခွဲ၊ရွမ်ဆိုင်း ၁၂ လမ်းကြားတွင် မေလ ၁၀ ရက်နေ့ ည ၇ နာရီက ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာသို့Phetkasem ရဲစခန်းမှ စုံစမ်းရေးမှူး ဒုတိယရဲမှူး Ekachai Yimnimitt နှင့်ရဲမှူး Pramot Chanboonkaew နှင့် တပ်စွယ်၉ မှ ရဲမှူး Thitipong Siya၊မှုခင်းဆေးပညာ အရာရှိ၊ Siriraj ဆေးရုံမှ မှုခင်းဆရာဝန်၊Ruamkatan ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း များနှင့်အတူ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပါသည်။ (more…)
Read More
မြန်မာဘက်မှတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းသို့ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရောက်ရှိလာ

မြန်မာဘက်မှတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းသို့ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရောက်ရှိလာ

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်ခရိုင်အနီးတွင် ​လေ ၈ရက်နေ့ညကမြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံးတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသား ၃၀၀ ကျော် ထိုင်းဘက်ခြမ်းတွင် ခိုလှုံခွင့်တောင်းခံခဲ့သည်ဟု Thai Enquire သတင်းကမေလ ၉ရက်တွင်ဖော်ပြသည်။ (more…)
Read More
ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ပေါ်ပေါက်လာသည်ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူက သတိပေးထား

ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ပေါ်ပေါက်လာသည်ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူက သတိပေးထား

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ကြားတွင် ဆေးရုံတက်ရန် လိုအပ်သည့် ကူးစက်ခံရသူ ၈၄၄၆ ဦးရှိပြီး ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ဖြစ်ပွားလာကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက မကြာသေးမီက သတိပေးထားသည်ဟု The Nation သတင်းကမေလ ၈ရက်တွင်ဖော်ပြသည်။ ချူလာလောင်ကွန်တက္ကသိုလ်မှမှ ကထိကတစ်ဦးဖြစ်သူ Assoc Prof Dr Thira Woratanarat ၏ Facebook တွင် ဖော်ပြချက်အရ ဘန်ကောက်တွင် Covid-19 လူနာ ၂,၃၇၇ ဦးဖြင့် အများဆုံးဖြစ်ပြီး ချွန်ဘူရီ (၆၈၀)ဦး၊ နွန်သဘူရီ (၄၉၀)ဦး၊ Rayong (၃၈၀) ဦးနှင့် စမွတ်ပရာကန် (၃၂၇) ဦးတို့ဖြစ်သည်။ လူနာအများစုမှာ အသက် ၃၀ နှင့် ၃၉နှစ်ကြား (၁၇၉၄) ဦး၊ နောက်တွင် အသက် ၂၀မှ ၂၉ ကြားရှိသူများ (၁၅၄၀)ဦး နှင့်အသက် ၆၀ကျော်အရွယ် (၁၅၃၆)ဦးဖြစ်သည်။ (more…)
Read More
ထိုင်းနိုင်ငံတွင် ဒေါင့်သန်းရောဂါကို ထိန်းချုပ်နိုင်ပြီဟုဆို

ထိုင်းနိုင်ငံတွင် ဒေါင့်သန်းရောဂါကို ထိန်းချုပ်နိုင်ပြီဟုဆို

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ Don Tan ခရိုင်, Mukdahan မြို့တွင်ဒေါင့်သန်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်ဟု Thai Enquire သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ ဒေါင့်သန်းဘက်တီးရီးယားပိုးနှင့် ထိတွေ့သူ ၆၃၆ ဦးစလုံးသည် ယနေ့ စောင့်ကြည့်ကာလ ပြီးဆုံးသွားပြီးလူ ၉၈ဦးမှာ လိုအပ်သော စောင့်ကြည့်စစ်ဆေးမှုပြီးမြောက်ခဲ့သည်ဟုဆိုသည်။ အတည်ပြုလူနာ လေးဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။ Mukdahan မြို့နယ် ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaew က ထိတွေ့ဖူးသူတိုင်းသည် ခုနစ်ရက်ကြာ ထိုးနှံရသည့်ကာကွယ်ဆေးကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (more…)
Read More