ထိုင်းနိုင်ငံ

မြန်မာစစ်ဦးစီးချုပ်သည် ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ လူကိုယ်တိုင်လာရောက်ရန် ထိုင်းနိုင်ငံက ပြောကြား

မြန်မာစစ်ဦးစီးချုပ်သည် ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ လူကိုယ်တိုင်လာရောက်ရန် ထိုင်းနိုင်ငံက ပြောကြား

ဧပြီလ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြီးခဲ့သည့် သီတင်းပတ်က ငလျင်လှုပ်ခတ်ခဲ့သည့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သောကြာနေ့တွင် ဘန်ကောက်၌ ကျင်းပသည့် တောင်အာရှ ခေါင်းဆောင်အများစု၏ ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်ဟု The Nation သတင်းကဧပြီ ၂ရက်တွင်ဖော်ပြသည်။ အဆိုပါ ခရီးစဉ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများသို့ မင်းအောင်လှိုင်၏ ရှားရှားပါးပါး ခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လောလောဆယ် ပြင်းအား ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ပြီး ရာစုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး ငလျင်ကြောင့် သေဆုံးသူ ၂,၈၈၆ ဦးအထိ ဧပြီ ၂ရက်နေ့က မြင့်တက်လာခဲ့သည်။ (more…)
Read More
BIMSTEC က မြန်မာစစ်အစိုးရကို ကြိုဆိုခြင်းမပြုရန် – APHR က ထိုင်းနိုင်ငံကို တိုက်တွန်း

BIMSTEC က မြန်မာစစ်အစိုးရကို ကြိုဆိုခြင်းမပြုရန် – APHR က ထိုင်းနိုင်ငံကို တိုက်တွန်း

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လာမည့် ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ဘန်ကောက်တွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အစည်းအဝေးတွင် တရားမဝင် မြန်မာစစ်အစိုးရအား ဖိတ်ကြားသည်ကိုအာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေး အဖွဲ့(APHR) က ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ဧပြီ ၂ရက်နေ့ကကြေညာချက်ထုတ်ပြန်သည်။ BIMSTEC ၏ တည်ထောင်သူ နိုင်ငံတစ်နိုင်ငံနှင့် ၎င်း၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ထိုင်းနိုင်ငံအနေဖြင့် မူအရ ရပ်တည်ပြီး စစ်အစိုးရ၏ ပူးပေါင်းပါဝင်မှုကို ငြင်းပယ်ရမည်ဖြစ်သည်။ စစ်အစိုးရကို စားပွဲဝိုင်းတွင် နေရာထိုင်ခင်းခွင့်ပြုခြင်းသည် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကို တရားဝင်စေရုံသာမက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိပြုထားသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေဖြင့် BIMSTEC ၏ ယုံကြည်ကိုးစားမှုကိုလည်း ပျက်ပြားစေသည်ဟု ကြေညာချက်ကဆက်လက်ဖော်ပြသည်။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင်တရားမ၀င် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ အတိုက်အခံခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးခြင်းနှင့် ဒီမိုကရေစီအဖွဲ့အစည်းများ ဖျက်သိမ်းခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးရွားစွာ ကျူးလွန်ခဲ့သည်။ (more…)
Read More
မြန်မာနိုင်ငံတွင် နောက်ဆက်တွဲငလျင် ၂၆၄ ခု လှုပ်ခတ်ခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကို ထိခိုက်ခဲ့

မြန်မာနိုင်ငံတွင် နောက်ဆက်တွဲငလျင် ၂၆၄ ခု လှုပ်ခတ်ခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကို ထိခိုက်ခဲ့

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် ကနဦးငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၂၆၄ ခုအား ဧပြီ ၂ရက်နေ့အထိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန မြေငလျင်စောင့်ကြည့်ရေးဌာနက ပြောသည်ဟု The Nation သတင်းကဖော်ပြသည်။ ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့၌ ဗဟိုပြု၍ ပြင်းအား ၈.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို လှုပ်ခတ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။ (more…)
Read More
ထိုင်းနိုင်ငံအတွင်းခိုးဝင်လာသူမြန်မာ၁၀ဦးစွန့်ပစ်ခံရ

ထိုင်းနိုင်ငံအတွင်းခိုးဝင်လာသူမြန်မာ၁၀ဦးစွန့်ပစ်ခံရ

မတ်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ် ၂၆ ရက် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ယံမတိုင်မီ အချိန်တိုအတွင်း တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အာဏာပိုင်များက Ban Khiri Rat အနီးတွင်မသင်္ကာဖွယ် ပစ်ကပ်ထရပ်ကားကို တွေ့ရှိသဖြင့် စစ်ဆေးရာ၌ထိုင်းနိုင်ငံအတွင်းသို့ ခိုးသွင်းလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စွန့်ပစ်ခံခဲရကြောင်း သိရသည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
ထိုင်းနိုင်ငံတွင် ဘတ်စ်ကားတစ်စီး ဓာတ်တိုင်ကိုဝင်တိုက်မိသဖြင့် မြန်မာ ၂၀ အပါအဝင် ခရီးသည် ၃၆ဦးဒဏ်ရာရ

ထိုင်းနိုင်ငံတွင် ဘတ်စ်ကားတစ်စီး ဓာတ်တိုင်ကိုဝင်တိုက်မိသဖြင့် မြန်မာ ၂၀ အပါအဝင် ခရီးသည် ၃၆ဦးဒဏ်ရာရ

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားခရီးသည် ၃၆ ဦး တင်ဆောင်လာသည့် ခရီးသွားကားတစ်စီး မတ်လ ၁၄ ရက် နံနက် ၄ နာရီ မတိုင်မီက လျှပ်စစ်ဓာတ်တိုင်ကို တိုက်မိခဲ့ သည်ဟု Khaosod သတင်းကဖော်ပြသည်။ Khao Yoi ခရိုင်၊ Phetchaburi ခရိုင်ရှိ Pho Kaew ဆန်စက်အောက်နားအနီး Phetkasem လမ်း (ဘန်ကောက်သို့အဝင်)တွင်ကားကဓာတ်တိုင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး၊ ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့သည်။ (more…)
Read More