ထိုင်းရဲနဲ့ စေတနာ့ဝန်ထမ်းတွေ မြန်မာကိုယ်ဝန်ဆောင်ကို တက္ကစီပေါ် ကလေးမွေးပေး
စက်တင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မီးဖွားခါနီး မြန်မာကိုယ်ဝန်ဆောင်တစ်ဦး ဆေးရုံလာတဲ့လမ်းမှာ အရေးပေါ်ကလေးမွေးဖို့ဖြစ်လာလို့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေပေါင်းပြီး တက္ကစီပေါ်မှာပဲ မနေ့က ကလေးမွေးပေးလိုက်တယ်လို့ ဘီဘီစီက စက်တင်ဘာ ၂၆ ရက်ကဖော်ပြပါတယ်။ မြန်မာအမျိုးသမီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြေပြိုမှုဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့၊ ဆမ်ဆန်းအရပ်က ဝဂျီရာ ဆေးရုံကို ကလေးမွေးဖို့ တက္ကစီနဲ့လာတာဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖြစ်စဥ်ကတော့ စက်တင်ဘာ ၂၅ ရက်၊ မနက်ပိုင်းမှာ ဝဂျီရာဆေးရုံကိုလာတဲ့ အမျိုးသမီးတစ်ဦး လမ်းမှာတင် ကလေးမွေးချင်လာလို့ လမ်းရှင်းကူညီပေးဖို့ ဆမ်ဆန်းယာဥ်ထိန်းရဲရုံးကို ဖုန်းခေါ် လာခဲ့ပါတယ်။ (more…)