ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်

သံသယတွေမြင့်တက်နေတဲ့ကြားက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းကနေဒူဘိုင်းကိုထွက်ခွာခဲ့

သံသယတွေမြင့်တက်နေတဲ့ကြားက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းကနေဒူဘိုင်းကိုထွက်ခွာခဲ့

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပါလီမန်မှာ ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ၀န်ကြီးချုပ်ကို မဲပေးဖို့စီစဉ်ထားပြီး အတိုက်အခံ ပြည်သူ့ပါတီက ကျောထောက်နောက်ခံပြုထားတဲ့ Bhumjaithai ပါတီ ခေါင်းဆောင် Anutin Charnvirakulဟာ သေချာပေါက်ရွေးချယ်ခံရမယ့်အချိန်မတိုင်ခင်တညမှာဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြဇာတ်ဆန်ဆန် ထိုင်းနိုင်ငံကနေ ထွက်ခွာသွားတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ Pheu Thai ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရလဒ်ကို ပြန်ပြောင်းပြီး ပါလီမန်ကို ဖျက်သိမ်းဖို့တွန်းအားပေးမဲတွေရယူမယ့်အစား သက်ဆင်ဟာ ကြိုတင်ကြေငြာခြင်းမရှိဘဲ ထိုင်းနိုင်ငံကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ဒွန်မောင်းလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထွက်ခွာခြင်းမပြုမီတားဆီးခဲ့ပြီးစာရွက်စာတမ်းတွေကိုစစ်ဆေးပြီးနောက်ပိုင်းစက်တင်ဘာ ၄ ရက် ညပိုင်းက ထွက်ခွာသွားတဲ့သတင်းကြီးဖြစ်လာပါတယ်။ စက်တင်ဘာ ၉ ရက်မှာ ၎င်းရဲ့ “၁၄ လွှာအမှု” နဲ့ပတ်သက်ပြီး အရေးကြီးတဲ့တရားရုံး စီရင်ချက်မချမီမှာ သူဟာ နိုင်ငံရပ်ခြားကို ထွက်ပြေးသွားတယ်လို့လူအများက ယုံကြည်ကြပါတယ်။ စက်တင်ဘာ ၄ ရက်မှာဒွန်မောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက MJets က စင်ကာပူနိုင်ငံကိုကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ထွက်ခွာမယ့်ခရီးသည်တစ်ဦးအကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၂) မှူး ရဲချုပ် Choengron Rimphadi က ညနေ ၄ နာရီ ၅၀ မိနစ်အတည်ပြုခဲ့ပါတယ်။ သက်ဆင်ရဲ့အမည်ဟာ လေယာဉ် T7GTS မှာ ပေါ်လာတယ်လို့ဆိုပါတယ်။ (more…)
Read More
ဘုရင်မင်းကိုစော်ကားမှုကြားနာဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ရာဇဝတ်တရားရုံကိုရောက်လာ

ဘုရင်မင်းကိုစော်ကားမှုကြားနာဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ရာဇဝတ်တရားရုံကိုရောက်လာ

ဩဂုတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ဘုရင် ကို၎င်း၏ စော်ကားတဲ့အမှု ကြားနာဖို့ရာဇ၀တ်တရားရုံးကိုလာရောက်ခဲ့တယ်လို့ Khaosod သတင်းက သြဂုတ် ၂၂ရက်မှာဖော်ပြပါတယ်။ ၎င်းရဲ့ညီမ ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာကိုရာထူးက ဖြုတ်ချခဲ့တဲ့ စစ်အစိုးရက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ယင်းတိုင်ကြားချက်ဟာ၂၀၁၅ ခုနှစ် တောင်ကိုရီးယားသတင်းစာ Chosun Ilbo နဲ့အင်တာဗျူးတစ်ခုမှာ သက်ဆင်က ယင်လပ်ဆီကနေ အာဏာသိမ်းဖို့ အထူးကောင်စီဝင်တွေက ထောက်ခံတယ်လို့စွပ်စွဲခဲ့ပါတယ်။ (more…)
Read More
ဝ’ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းက မြန်မာနှင့်တရုတ်ကို အကူအညီတောင်းနေ

ဝ’ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းက မြန်မာနှင့်တရုတ်ကို အကူအညီတောင်းနေ

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ . ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝတပ်ဖွဲ့ကို မူးယစ်ဆေးဝါး အဓိကအရင်းအမြစ်အဖြစ် စွပ်စွဲခံပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် တရုတ်နှင့် မြန်မာနိုင်ငံတို့ကိုတောင်းဆိုထားသည်ဟု The Nation သတင်းကမေလ ၃၀ရက်တွင်ဖော်ပြသည်။ (more…)
Read More
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဆေးရုံတက်သည့်ကိစ္စကြောင့် ဆရာဝန်နှစ်ဦး ရာထူးမှဆိုင်းငံ့ခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဆေးရုံတက်သည့်ကိစ္စကြောင့် ဆရာဝန်နှစ်ဦး ရာထူးမှဆိုင်းငံ့ခံရ

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ပြစ်ဒဏ်ကျခံနေရချိန်တွင်ဆေးရုံတက်ခဲ့သည့် အကြောင်းရင်းကိုကြားနာစစ်ဆေးခဲ့အပြီးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ဆေးရုံတက်နေချိန်တွင်ပြင်းထန်စွာနာမကျန်းမဖြစ်ခဲ့ကြောင်း ဆုံးဖြတ်နိဂုံးချုပ်ပြီးနောက်တွင် ဆရာဝန်နှစ်ဦးကို ရာထူးဆိုင်းငံ့ထားရန် တတိယဆရာဝန်အားသတိပေးစာထုတ်ပြန်ရန်ထိုင်းဆေးကောင်စီက ဆုံးဖြတ်လိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံဆေးကောင်စီဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Prasit Watanapa က မေလ ၈ရက်နေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆုံးဖြတ်ချက်အားအများစုမဲဖြင့် အတည်ပြုခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို မဆောင်ရွက်မီ ပြည်သူ့ကျန်းမာရေးဝန်ကြီး၏ အတည်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (more…)
Read More