ဒုက္ခသည်ကလေးများ ငတ်မွတ်ခေါင်းပါးမှု

အကူအညီများ ခန်းခြောက်လာသဖြင့် ဒုက္ခသည်ကလေးများ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရ

အကူအညီများ ခန်းခြောက်လာသဖြင့် ဒုက္ခသည်ကလေးများ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရ

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒုက္ခသည်ကလေးငယ် ၂၈၀၀၀ ကျော်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တလျှောက်တွင် ကျောင်းပြန်တက်နေကြသော်လည်း စားနပ်ရိက္ခာများ ဖြတ်တောက်ခံရကာ ရန်ပုံငွေများ ခန်းခြောက်လာသောကြောင့် အများစုမှာ ကျောင်းစမတက် ခက်ခဲကြမ်းတမ်းသော သင်ခန်းစာနှင့် ရင်ဆိုင်နေကြရသည်ဟုThaiger သတင်းကမေလ ၂၉ရက်တွင်ဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ကိုးခုအနက် အကြီးဆုံးဖြစ်သည့် မယ်လတွင် စားနပ်ရိက္ခာ ထောက်ပံ့မှု ဖြတ်တောက်ခြင်းသည် ကလေးများကို စာကျက်ရန် မဆိုထားနှင့် မိသားစုများ အနေဖြင့် ယခင်ကထက် ပိုမိုခက်ခဲလာသည်ဟု မိသားစုများက ပြောသည်။ "ကျောင်းကိုရိက္ခါတွေယူသွားပြီးသူငယ်ချင်းတွေနဲ့စားဖူးတယ်” ဟု စခန်း၌မွေးပြီး ငါးနှစ်သားကတည်းက ဤနေရာတွင် ပညာသင်ခဲ့သည့်အသက် ၁၈ နှစ်အရွယ် သီတာ ကပြောသည်။ “အရင်က ကြက်တွေရှိတယ် အခု စားစရာမရှိတော့ပြီ” ဟု လည်းပြောသည်။ လူဦးရေ တစ်သိန်းကျော် နေထိုင်သည့် စခန်းများတွင် တောတောင်ကုန်းများပေါ်တွင် ကျဥ်းကျပ်စွာ ဆောက်ထားသော သစ်သားအိမ်များဖြင့် ဖွဲ့စည်းထားပြီး ကျဉ်းမြောင်းပြီးရွှံ့ထူသောလမ်းကြောင်းများသည် မြန်မာနယ်စပ်မှ မီတာအနည်းငယ်မျှအကွာတွင် ကွေ့ကောက်နေသည်။ (more…)
Read More