ဒေါ်လာ သန်း ၆၈၀ ကျော်ရရှိ

စင်ကာပူမှာစုစုပေါင်း ဒေါ်လာ သန်း ၆၈၀ ကျော်ရရှိခဲ့တဲ့ ဘဏ်အကောင့် ၃ ခုနဲ့ ဆက်စပ်နေတဲ့ မြန်မာအမျိုးသားကို ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်

စင်ကာပူမှာစုစုပေါင်း ဒေါ်လာ သန်း ၆၈၀ ကျော်ရရှိခဲ့တဲ့ ဘဏ်အကောင့် ၃ ခုနဲ့ ဆက်စပ်နေတဲ့ မြန်မာအမျိုးသားကို ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်

ဇူလိုင်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၁ သန်း (စင်ကာပူဒေါ်လာ ၆၈၀ သန်းကျော်) ရရှိခဲ့တဲ့ဘဏ်အကောင့် ၃ ခုနှင့် ပတ်သက်တဲ့ အမှုမှာ မြန်မာအမျိုးသားတစ်ဦးကို ဇူလိုင် ၃၀ ရက်က ထောင်ဒဏ် နှစ်နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၀၉၀၀၀ ချမှတ်ခဲ့တယ်လို့ The Straits Times သတင်းကဖော်ပြပါတယ်။ လိုင်စင်မရှိဘဲ စင်ကာပူမှာ ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအတွက် စွဲချက်နှစ်ရပ်နဲ့အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ အသက် ၆၁ နှစ်ရှိ မြန်မာနိုင်ငံသား ဦးဉာဏ်ဝင်းဟာ ဒဏ်ကြေးမပေးဆောင်ရင် နောက်ထပ် ခြောက်လကြာ ထောင်ကျမှာဖြစ်ပါတယ်။ ၎င်းရဲ့ကြံရာပါ စင်ကာပူနိုင်ငံသား ဒေါ်ဇင်နွယ်ညွန့် (၅၈) နှစ်ကို ဇူလိုင် ၁၄ ရက်က ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခဲ့ပါတယ်။ တရားရုံးကစာရွက်စာတမ်းတွေမှာစင်ကာပူမှာအမြဲတမ်းနေထိုင်သူ ဦးဥာဏ်ဝင်းနဲ့မဇင်နွယ်ညွန့်ရဲ့ခင်ပွန်းတို့ဟာ ငယ်သူငယ်ချင်းများဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ပြစ်မှုကျူးလွန်ချိန်မှာ ဦးဉာဏ်ဝင်းဟာမော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ပီယာအင်တာနေရှင်နယ် ကုမ္ပဏီမှာ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်နေတဲ့ကိုဖီးလစ်လို့လူသိများတဲ့မြန်မာနိုင်ငံသား တစ်ဦးဟာသူ့ရဲ့လုပ်ငန်းလည်ပတ်ရာမှာ ကူညီဆောင်ရွက်ပေးဖို့စင်ကာပူမှာကုမ္ပဏီတစ်ခု ပေါင်းစည်းဖို့တစ်စုံတစ်ဦးကို ရှာဖွေနေတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ အဲဒိနောက် ကိုဖိလစ်ရဲ့ ညွှန်ကြားချက်အရ ရန်ပုံငွေတွေလက်ခံခြင်းနဲ့လွှဲပြောင်းရန်အတွက် အသုံးပြုမယ့် ကော်ပိုရိတ်ဘဏ်အကောင့်တွေကို ဒီကုမ္ပဏီက ဖွင့်မှာဖြစ်ပါတယ်။ (more…)
Read More