ဆန္ဒပြပွဲတွေပြီးနောက် နီပေါစစ်တပ်က အခြေအနေကိုပြန် ထိန်းသိမ်း
စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နီပေါနိုင်ငံရဲ့ ပါလီမန်ကို လက်နက်ကိုင်စစ်သားမတွေက စောင့်ကြပ်ပြီး မြို့တော်ခတ္တမန္ဒူလမ်းျနွပေါ်မှာ အကန့်အသတ်မရှိ ကာဖျူးထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၀ ရက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်လို့ ရိုက်တာကဖော်ပြပါတယ်။ ဝန်ကြီးချုပ် K.P ကို အတင်းအကြပ် ဖိအားပေးခဲ့တဲ့ နှစ်ရက်ကြာ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွက် အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က ဆန္ဒပြသူ ၁၉ ဦး သေဆုံးပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်က ဆိုရှယ်မီဒီယာ ပိတ်ပင်မှု ကြေညာပြီးနောက် နိုင်ငံမှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မငြိမ်မသက်မှုတွေစတင်ခဲ့ပါတယ့။ လူအုပ်ကို လူစုခွဲဖို့ရဲတွေက မျက်ရည်ယိုဗုံးနဲ့ရော်ဘာကျည်ဆန်တွေအသုံးပြုခဲ့ပါတယ်။ (more…)