ပထုံနီသနီယာဉ်တိမ်းမှောက်မှု

ထိုင်းနိုင်ငံ ပထုံနီသနီယာဉ်တိမ်းမှောက်မှုမှာမြန်မာအလုပ်သမားတွေသေဆုံး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ပထုံနီသနီယာဉ်တိမ်းမှောက်မှုမှာမြန်မာအလုပ်သမားတွေသေဆုံး ဒဏ်ရာရရှိ

စက်တင်ဘာ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စက်တင်ဘာ ၂၂က်နေ့ နေမထွက်မီက ထိုင်းနိုင်ငံ ပထုံသနီခရိုင် Muang မြို့ Ratchaphreuk လမ်းမှာ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုဟာ ပသုန်ဌာနီ-ရန်းဆစ်တံတားအနီး အဝေးပြေးလမ်းမကြီး ၃၄၆ မှာ နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာ်လို့သိရပါတယ်။ အဆိုပါယာဉ်ဟာ ဘန်ချန်းမြို့ရှိ Santisuk လမ်းဆုံကိုဦးတည်သွားခဲ့တာလို့ Muang ရဲစခန်းကစုံစမ်းရေးအရာရှိ Suthon Jitphum ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကွန်ကရစ်တုံးနှစ်တန်းကြားကို တိုက်မိပြီး သံမဏိဆိုင်းဘုတ်တိုင်ကို ဝင်တိုက်မိတဲ့ တိုယိုတာ အင်နိုဗာ အမျိုးအစား ဘန်ကောက်လိုင်စင်နံပါတ်ပြားကို တွေ့ရှိခဲ့တယ်လို့အရေးပေါ် တုံ့ပြန်ကယ်ဆယ်သူတွေက ပြောပါတယ်။ ယာဉ်ဟာဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ခရီးသည် ကိုးဦး ၊ အမျိုးသား ခုနစ်ဦး နဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး အပျက်အစီး အတွင်း ပိတ်မိနေ တယ်လို့ဆိုပါတယ်။ သူတို့ဟာအော်ဟစ်အကူအညီတောင်းခဲ့ကြပါတယ်။ ၎င်းတို့အနက် နှစ်ဦးဟာယာဉ်မောင်းထိုင်ခုံမှာ အမျိုးသားတစ်ဦးနဲ့ကားရှေ့ခန်းက အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပါတယ်။ (more…)
Read More