ပြိုကျ

DSI က China Railway ၏ ထိုင်းရှယ်ယာရှင်များအား ပြိုကျမှု စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထား

DSI က China Railway ၏ ထိုင်းရှယ်ယာရှင်များအား ပြိုကျမှု စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထား

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး (SAO) ရုံးချုပ်ကို ဆောက်လုပ်ရန်အတွက် ကုမ္ပဏီအား ဘတ်ငွေ ၂.၁ ဘီလီယံတန် စာချုပ်ချုပ်ဆိုခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှ China Railway Number 10 (Thailand) Ltd ၏ ထိုင်းအစုရှယ်ယာရှင် (၃)ဦးအား ဘန်ကောက်မြို့ Chatuchakမြို့နယ်ခွဲ ရှိ ပြိုကျသည့် အဆောက်အအုံနှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းစစ်ဆေးသူများထံ တင်ပြပေးရန် တောင်းဆိုထားသည်ဟု The Nation သတင်းကဧပြီ၈ရက်တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်စဉ်အတွင်း ပြိုကျခဲ့သော နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး (SAO) အတွက် ရုံးချုပ်အသစ် ဆောက်လုပ်ရန် ဘတ်ငွေ ၂.၁ ဘီလီယံတန် စာချုပ်ကို ကုမ္ပဏီက ပေးအပ်ခဲ့သည်။ (more…)
Read More
ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံးပြိုကျရာ၌ ကွယ်လွန်ခဲ့သူ မြန်မာအမျိုးသမီးအသုဘပြုလုပ်

ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံးပြိုကျရာ၌ ကွယ်လွန်ခဲ့သူ မြန်မာအမျိုးသမီးအသုဘပြုလုပ်

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အဦပြိုကျမှုကြောင့် ၉ ယောက်မြောက် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီး မစိန်စိန်ညွန့်၏ ဈာပနအခမ်းအနားကို ဧပြီလ ၅ ရက်နေ့က နွန်သာဘူရီခရိုင် Wat Bang Muang တွင် ကျင်းပခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ စျာပနသို့ အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက် ၃၀၀ နီးပါး တက်ရောက်ခဲ့သည်။ (more…)
Read More
ပြိုကျနေသောထိုင်းနိုင်ငံတော်စာရင်းစစ်ချုပ်ရုံးထဲ ဖိုင်များဝင်ခိုးသူတရုတ်နိုင်ငံသား ၄ဦးကိုလျှော့ပေါ့စွာပြစ်ဒဏ်ချမှတ်၍ မကျေနပ်မှုများဖြစ်ပေါ်နေ

ပြိုကျနေသောထိုင်းနိုင်ငံတော်စာရင်းစစ်ချုပ်ရုံးထဲ ဖိုင်များဝင်ခိုးသူတရုတ်နိုင်ငံသား ၄ဦးကိုလျှော့ပေါ့စွာပြစ်ဒဏ်ချမှတ်၍ မကျေနပ်မှုများဖြစ်ပေါ်နေ

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ရုံး၏ ဆောက်လုပ်ရာတွင်လုပ်ငန်းဖော်ဖြစ်သည့် China Railway Number 10 မှ တရုတ်နိုင်ငံသား ၄ ဦးကို တရားရုံးတစ်ရုံးက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေး အက်ဥပဒေ ဖောက်ဖျက်မှုဖြင်း တစ်နှစ်ဆိုင်းငံ့ထောင်ဒဏ် ၂ လ နှင့်ဘတ်ငွေ ၆၀၀သာချမှတ်လိုက်သောကြောင့်မကျေနပ်မှုများဖြစ်ပေါ်နေကြောင်းသတင်းရရှိသည်။ ယင်းတို့ ၄ ဦးသည် ပြိုပျက်နေသော စာရင်းစစ်ချုပ်ရုံးထဲသို့ခိုးဝင်က ဆောက်လုပ်ရေးမှတ်တမ်းဆိုင်ရာအရေးကြီးဖိုင်တွဲ ၃၂ ခုကိုခိုးယူစဉ်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းကိုဖော်ပြခဲ့သည့် Khaosod သတင်းဌာန Facebook ရှိသတင်းအောက်ခြေတွင် မကျေနပ်မှုများကို စာဖတ်ပရိသတ်များကဖော်ပြခဲ့ကြခြင်းဖြစ်သည်။ (more…)
Read More
တရုတ်သံရုံးက ထိုင်းအဆောက်အအုံပြိုကျမှု စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုကို အလေးပေးဟုဆို

တရုတ်သံရုံးက ထိုင်းအဆောက်အအုံပြိုကျမှု စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုကို အလေးပေးဟုဆို

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကြာသေးမီက ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့တဲ့ ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံး (SAO) အဆောက်အဦ ဆောက်လုပ်ရာတွင် China Railway No.10 Engineering Group ၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မီဒီယာများ၏ မေးမြန်းချက်ကို တုံ့ပြန်သည့်အနေဖြင့်ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း The Nation သတင်းကဧပြီလ ၂ရက်မှာဖော်ပြသည်။ တရုတ်သံရုံးသည် ထိုင်းအာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားပြီး တရားမျှတပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုအပေါ် ၎င်း၏ယုံကြည်ချက်ကို အလေးပေးပြောကြားခဲ့သည်။ (more…)
Read More
ငလျင်ဒဏ်ကြောင့် မြသိန်းတန်စေတီ ပြိုကျ

ငလျင်ဒဏ်ကြောင့် မြသိန်းတန်စေတီ ပြိုကျ

မတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်ကိုင်း၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
Read More
ဘန်ကောက်၊ရာမ ၂ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်ထပ်မံပြိုကျ၊မြန်မာ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး

ဘန်ကောက်၊ရာမ ၂ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်ထပ်မံပြိုကျ၊မြန်မာ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ လုပ်ငန်းခွင်မ‌တော်တဆမှု မကြာခဏဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် ရာမ ၂ လမ်း တံတား ဆောက်လုပ်ရေးဟာ မတ် ၁၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ ထပ်မံပြိုကျခဲ့တယ်လို့ BBC သတင်းကဖော်ပြပါတယ်။ ဒီဖြစ်စဉ်အတွင်း မြန်မာအလုပ်သမား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ထိုင်း သတင်းတွေက ဖော်ပြပါတယ်။ (more…)
Read More