ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုကိုလျှပ်စစ်စီးကရက် ထုတ်လုပ်တဲ့တရားမဝင် စက်ရုံအဖြစ် ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံသား ၂ ဦးနဲ့မြန်မာနိုင်ငံသား ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ အာဏာပိုင်တွေက လျှင်စစ်စီးကရက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့အတူ တရားမဝင် ကုန်ပစ္စည်း ၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဘန်ကောက်မြို့ ဘန်ခွန်တန်ခရိုင် ထခမ်းဒေသရှိ ဂိုဒေါင်ကို ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတာဝန်ရှိသူတွေကစက်တင်ဘာ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ပြီး မန်နေဂျာနဲ့အရည်အသွေးထိန်းချုပ်ရေး ဝန်ထမ်းတွေလို့ဝန်ခံခဲ့ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (more…)
Read More
 မြဝတီအွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်ခဲ့သည့် တရုတ် ၇ဦးကို မဲဆောက်မှာထပ်ဖမ်းမိ

 မြဝတီအွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်ခဲ့သည့် တရုတ် ၇ဦးကို မဲဆောက်မှာထပ်ဖမ်းမိ

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံထဲသို့တရားမဝင် ခိုးဝင်လာသည့် အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင်လုပ်ကိုင်နေသောတရုတ်နိုင်ငံသား ၇ ဦးကိုမဲဆောက်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း Khaosod သတင်းကမတ်လ ၈ရက်တွင်ဖော်ပြသည်။ လျှပ်စစ်မီးနှင့် လေအေးပေးစက်များ ပြတ်တောက်ပြီးနောက် သည်းမခံနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာချိန်တွင် ကရင်ပြည်နယ် မြဝတီမြို့ရှိ အသက် ၁၈ နှစ်မှ ၂၈ နှစ်ကြား အလုပ်သမားများသည် ၎င်းတို့၏ လုပ်ငန်းခွင်မှ ထွက်ပြေးခဲ့ကြသည်။ တာ့ခရိုင် မဲဆောက်မြို့ ဘန်ရိုင်ဒွန်ချိုင်းအနီး တောအုပ်တစ်ခုတွင် သံသယရှိသူများကို ရတ်ချမန်နု အထူးတပ်ဖွဲ့က ဧပြီ ၇ ရက်က ဖမ်းဆီးခဲ့သည်။ ပတ်စပို့ သို့မဟုတ် သက်သေခံစာရွက်စာတမ်းများ ကိုင်ဆောင်ထားခြင်းမရှိသဖြင့်ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူနိုင်ရန် တာ့ခ်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။
Read More
ထိုင်းနိုင်ငံတွင် ဖမ်းမိသည့်မူးယစ်ဆေးဝါးများသည် KNU/KNLA နှင့်လုံးဝ မပတ်သတ်ဟု အသိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ဖမ်းမိသည့်မူးယစ်ဆေးဝါးများသည် KNU/KNLA နှင့်လုံးဝ မပတ်သတ်ဟု အသိပေးချက်ထုတ်ပြန်

မတ်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ၌ ဖမ်းမိခဲ့သည့်မူးယစ်ဆေးဝါးများသည် KNU/KNLA နှင့်လုံး ဝမပတ်သက်ပါဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က မတ် ၂၅ရက်နေ့ကထုတ်ပြန် အသိပေးလိုက်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်းရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းများကိုနိုင်ငံတကာ က ဆန့်ကျင့်ရှုတ်ချတာနဲ့အတူ KNU/KNLAအနေနှင့်လည်း မူလမ်းစဉ်အရ လုံးဝအားပေးထောက်ခံခြင်းမရှိဘဲ နိုင်ငံတကာနှင့်အတူ ဆန့်ကျင့်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (more…)
Read More
မဲဆောက်တွင် Star Link အင်တာနက်ဆက်သွယ်ရေးပစ္စည်းများ ဖမ်းမိ

မဲဆောက်တွင် Star Link အင်တာနက်ဆက်သွယ်ရေးပစ္စည်းများ ဖမ်းမိ

မတ်လ ၂၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ဒန်မဲလမော်မြို့နယ်ခွဲ ဒန်မဲလမူး ကျေးရွာအုပ်စု အမှတ် ၁၀ ရှိ ဘန်ဟွေယာဦး စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများနှင့် တာဝန်ရှိသူများက လမ်ပူခရိုင် လိုင်စင်နံပါတ်ပါ ပစ်ကပ်ထရပ်ကားတစ်စီး၌ Starlink ဂြိုလ်တုဆက်သွယ်ရေး ကုန်သေတ္တာ ၃၈ လုံးကို မတ်လ ၂၂ ရက် ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့သည်ဟု Khaosod သတင်းကမတ်လ ၂၃ရက်နေ့တွင်ဖော်ပြသည်။ (more…)
Read More