ဖူးခက်ကစားသောက်တစ်ဆိုင်

ဖူးခက်ကစားသောက်တစ်ဆိုင်ကို မြန်မာအလုပ်သမားတွေကိုပဲတရားမဝင်အသုံးပြုလို့ ဝင်ရောက်စီးနင်း

ဖူးခက်ကစားသောက်တစ်ဆိုင်ကို မြန်မာအလုပ်သမားတွေကိုပဲတရားမဝင်အသုံးပြုလို့ ဝင်ရောက်စီးနင်း

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံဖူးခက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား အလုပ်သမားတွေ လုံးလုံးလျားလျား တရားမဝင် လုပ်ကိုင်နေတာကို တွေ့ရှိပြီးနောက် ဖမ်းဆီးလိုက်တယ်လို့ The Thaiger သတင်းကစက်တင်ဘာလ ၆ရက်မှာဖော်ပြပါတယ်။ သူငယ်ချင်းဆိုင် လို့အမည်ပေးထားတဲ့ အဆိုပါနေရာဟာ ဖူးခက်မြို့၊ ဘန်ကောက်လမ်းရှိ Public Market 1 နောက်မှာ တည်ရှိပါတယ်။ ၎င်း၏ရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီက တိုင်ကြားမှုတွေရရှိ အပြီးမှာ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်တယ်ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။ ဖူးခက်ခရိုင် လုံခြုံရေး အရာရှိချုပ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေက စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စားသောက်ဆိုင်ဟာထိုင်းဝန်ထမ်းမရှိတဲ့မြန်မာနိုင်ငံသား သီးသန့် ဝန်ထမ်းဆိုင်ဖြစ်တယ်လို့ ၎င်းတို့ တွေ့ရှိခဲ့ပါတယ်။ ဆိုင်းဘုတ်တွေ၊မီနူးတွေ၊ အော်ဒါစာရွက်တွေနဲ့ ဖြတ်ပိုင်းတွေအားလုံးကို မြန်မာဘာသာနဲ့သာ ရေးသားထားတယ်လို့လည်းသတင်းကဆိုပါတယ်။ ဖောက်သည်အများစုဟာလည်း မြန်မာအသိုင်းအဝိုင်းကဖြစ်ပါတယ်။ ဆိုင်တာဝန်ခံဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလတ်ကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ (more…)
Read More