ဖြူထိုင်းအစိုးရသည် နိုင်ငံရေးမတည်ငြိမ်မှုများ

ဖြူထိုင်းအစိုးရသည် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စစ်ရေးစိုးရိမ်မှုများကြားတွင် ပြင်းထန်သောဖိအားများနှင့် ရင်ဆိုင်နေရ

ဖြူထိုင်းအစိုးရသည် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စစ်ရေးစိုးရိမ်မှုများကြားတွင် ပြင်းထန်သောဖိအားများနှင့် ရင်ဆိုင်နေရ

ဇွန်လ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဘာသာပြန်) ဖြူထိုင်းပါတီဦးဆောင်သော အစိုးရသည် ၀န်ကြီးချုပ် Paetongtarn Shinawatra နှင့် ကမ္ဘောဒီးယား အထက်လွှတ်တော် သမ္မတ ဟွန်ဆန်တို့ကြား အသံဖိုင် ပေါက်ကြားမှုကြောင့် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရသည်ဟု The Nation ကဇွန်လ၂၀ရက်တွင်ဖော်ပြသည်။ လူထု၏ ဒေါသကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန်၊ လွှတ်တော်ကို ဖျက်သိမ်းရန် တောင်းဆိုမှုများနှင့် စစ်တပ်က ဝင်ရောက်စွက်ဖက်ရန်နှင့် အာဏာသိမ်းရန် တောင်းဆိုမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဤအခြေအနေသည် Paetongtarn အုပ်ချုပ်ရေးပြိုကွဲစေရန် အတိုက်အခံအား တွန်းအားပေးရန် လမ်းခင်းပေးခဲ့ပြီး အမတ်နေရာ ၆၉ နေရာ ရယူခဲ့သည့်Bhumjaithai ပါတီသည်ညွန့်ပေါင်းအစိုးရမှ နှုတ်ထွက်ခဲ့သည်။ အခြားညွန့်ပေါင်းပါတီများသည် အစိုးရခေါင်းဆောင်၏ လက်မခံနိုင်သော အပြုအမူကို အသိအမှတ်ပြုသော်လည်း အခြေအနေကို အကဲဖြတ်ရန် ပြည်တွင်း ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ပြိုလဲနိုင်သည့် အခြေအနေများနှင့် နိုင်ငံရေး အခြေအနေ အမျိုးမျိုးကို အကဲဖြတ်ရန် လိုအပ်ပါသည်။ အဓိကပြဿနာမှာ စစ်တပ်၏ ရပ်တည်ချက်ကို နားလည်ခြင်းဖြစ်သည်—အခြေ အနေကို မည်ကဲ့သို့ရှုမြင်သည်နှင့် ၎င်းသည် ကြားဝင်စွက်ဖက်ရန် အစီအစဉ်ရှိမရှိ၊ အထူးသဖြင့် တိုင်းပြည်သည် နိုင်ငံရေး လစ်ဟာသွားပါက အာဏာသိမ်းရန် တောင်းဆိုနေချိန်ဖြစ်သည်။ ယင်းသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်နှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများအပြင် နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေး တင်းမာမှုများကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံရေးအငြင်းပွားမှုတွင် စစ်တပ်က ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း နိုင်ငံရေး ပါတီများက ယုံကြည်ထားပြီး အာဏာသိမ်းခြင်းသည် ရွေးချယ်စရာမဟုတ်ကြောင်း အခိုင်အမာ…
Read More