ဗမာ့ “ဗိုလ်ဝင်ခံ” မည့် သူရဲကောင်းလိုပြီ

ဗမာ့ “ဗိုလ်ဝင်ခံ” မည့် သူရဲကောင်းလိုပြီ

ဗမာ့ “ဗိုလ်ဝင်ခံ” မည့် သူရဲကောင်းလိုပြီ

အောက်တိုဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဗမာ့ "ဗိုလ်ဝင်ခံ" မည့် သူရဲကောင်းလိုပြီ ---------------------------------------------- မြန်မာစစ်တပ်က ၂၀၁၈ခုနှစ်ကအကြီးအကျယ် ဝါဒဖြန့်ရိုက်ကူးထုတ်လုပ်လိုက်တဲ့ "စစ်ကိုမုန်း၍တိုက်ခဲ့သည်"ဆိုတဲ့ဇာတ်ကားအရပေါ်လွင်ပါတယ်။စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုတဲ့ စစ်ဒသနဟာဂျာမာန်စစ်ဒဿနဆရာ ဗွန်ကလော့စ်ဝှိုက်ရဲ့ အမြင့်ဆုံးဒဿနပဲဖြစ်ပါတယ်။ ကလော့စ်ဝှိုက်က ဂျာမာန်ပြည်ကြီးပွားဖို့ တစ်စည်းတစ်လုံးထဲဖြစ်ဖို့ ဂျာမာန်ရဲ့အကြီးဆုံးနဲ့လူဦးရေးအများဆုံးပြည်နယ်မှာတာဝန်ရှိ့တယ်အဲ့ဒီပြည်နယ်က ပရပ်ရှားဖြစ်မယ် ကျန်တဲ့ဂျာမာန်ပြည်နယ်ငယ်များကို ပြည်နယ်ကြီးက စစ်ဖြင့်တိုက်ခိုက်စည်းရုံးရမယ် ထိုသို့စစ်ဆင်တိုက်ခိုက်ရာမှာလည်း စစ်ကိုနောက်ထပ်တိုက်စရာမလိုတော့အောင် အမြန်ဆုံး အပြင်းထန်ဆုံး အရက်စက်ဆုံး နဲ့အပြီးသတ်ချေမှုန်းတိုက်ခိုက်ရမယ်လို့ သင်ကြားပါတယ်။ နောက်ထပ်စစ်တိုက်ရမှာဆိုးလို့ စစ်ကိုမုန်းလို့ စစ်တိုက်ရပါသည် ဆိုတဲ့ဒသနဖြစ်ပါတယ်။ဗမျိုးချစ်တပ်မတော်အမွေခံမြန်မာစစ်တပ်က စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုတဲ့ ဖလော်ဆော်ဖီကို၂၁ရာစုထဲမှာထပ်မံဝါဒဖြန့်တာကိုကြည့်ရင်မြန်မာစစ်တပ်ရဲ့အတွင်းပိုင်းစိတ်နေစိတ်ထားကိုမြင်နိုင်ပါတယ်။ ယနေ့၂၀၂၁နွေဦးတော်လှန်ရေးကာလမှာ မြန်မာစစ်တပ်ရဲ့အနာဂါတ်ကို ပြည်မနေဗမာမျိုးနွယ်စုကဘယ်လိုသဘောထားမလည်းဆိုတဲ့ပြသနာဝင်လာတယ်မြင်ပါတယ်။ပြည်မနေဗမာမျိူးနွယ်စုဟာ မြန်မာစစ်တပ်ကိုအပြီးအပိုင်ဖျက်သိမ်းလိုတဲ့ဆန္ဒရှိ့မရှိ့ရှင်းလင်းဖို့လိုအပ်လာပါတယ်။ အညာနဲ့ပြည်မသားတို့အနေနဲ့မြန်မာစစ်တပ်ကိုအပြီးတိုင်ဖျက်သိမ်းလိုတာလား စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအဆင့်လောက်သာမျော်မှန်းတာလားဆိုတာ ပြသရတော့မယ်ထင်ပါတယ်။ တိုင်းရင်းသားတပ်များရဲ့ဖက်ဒရယ်တပ်မတော်ကိုဘယ်လိုပုံစံနဲ့မျော်မှန်းထားပါသလဲမေးခွန်းကိုဖြေပေးရမယ်ထင်ပါတယ်။ ကြုံတွေ့နေရတဲ့စစ်တပ်ရဲ့ဖိ့နှိပ်မှု့လျော့နည်းစေဖို့တိုင်းရင်းသားတို့ကစစ်ရေးဖိ့အားပေးမှု့လောက်သာမျှော်မှန်းတာလား။ အခုရှိ့နေတဲ့မြန်မာစစ်တပ်ကိုလုံးဝဖျက်သိမ်းပြီး လူမျိုးအားလုံးပါဝင်တဲ့ အမျိုးစားသစ်တပ်မတော်ဖွဲ့စည်းဖို့လားဖြေရတော့မှာဖြစ်ပါတယ်။ အဖြေက လက်တွေ့လုပ်ရပ်ကပဲပေးရမှာဖြစ်ပါတယ်။ စိတ်ကူးချိုချိုက အရှုံးအမြတ်မကြည့်ဘဲထုတ်ခဲ့တဲ့ပေါင်းတည်ဘုန်းကြည်ရဲ့ မြန်မာ "ရဲ" သမိုင်းကိုဖတ်မိ့တဲ့အခါစိတ်ဝင်စားစရာများစွာ တွေ့ရပါတယ်။ အင်္ဂလိပ်တို့မြန်မာပြည်သိမ်းပိုက်ပြီး နောက် မြန်မာမျိုးချစ်တို့ရဲ့ပုန်ကန်မှု့ကို အတော်အားစိုက်နှိမ်နင်းခဲ့ရပါတယ်။မြန်မာတို့ အထူးသဖြင့်ဗမာမျိုးနွယ်စုတွေရဲ့ ပုန်ကန်လိုတဲ့စိတ်ဓါတ်ကြောင့် မြန်မာတို့ကိုလက်နက်မကိုင်နိုင်အောင် လက်နက်ဥပဒေများပြဌာန်းခဲ့ပါတယ်။ဒါးမတိုတောင်ဥပဒေနဲ့မလွတ်မကင်းဖြစ်စေခဲ့ပါတယ်။ အင်္ဂလိပ်က မြန်မာပြည်ငြိမ်ဝတ်ပိ့ပြား‌ရေးအတွက် အိန္ဒိယပုလိပ်များအသုံးပြုခဲ့ပါတယ်။ကရင်အပါအဝင်တိုင်းရင်းသားလူမျိုးများနဲ့ ရဲ တပ်ဖွဲ့ထူထောင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်နဲ့မြန်မာနိုင်ငံလုံခြုံရေးအတွက် ဘားမားဆပ်ပါးမိုင်းနားတပ်များဖွဲ့စည်းတဲ့အခါ တိုင်းရင်းသားမျိုးနွယ်စုများနဲ့ဖွဲ့စည်းခဲ့ပါတယ်။အင်္ဂလိပ်က ဗမာမျိုးနွယ်စုကို စစ်ပညာနဲ့ လက်နက်တပ်ဆင်မပေးလိုပါဘူး။ပြည်မနေဗမာများမခံချိမခံသာဖြစ်ပြီး စစ်ပညာငတ်မွတ်တောင်းတခဲ့ကြပါတယ်။စစ်ပညာနဲ့စစ်မှု့ထမ်းခွင့်ကန့်သတ်ခံရတဲ့အတွက် အင်္ဂလိပ်ကိုမကျေနပ်သလို ဗမာဇာတိမာန်ကိုလည်းချိုးနှိမ်တာလို့မြင်ကြပါတယ်။ ဆရာစံရဲ့လယ်သမားသူပုန်ထတော့ အင်္ဂလိပ်ရဲ့လက်နက်နဲ့ရက်စက်စွာနိုမ်နင်းခံရတဲ့အခါ ခေတ်မှီစစ်ပညာလိုလားတောင့်တမှု့အရှိန်တက်လာပါတယ်။ထိုစဉ်ကဗမာစစ်မှု့ထမ်းခွင့်ရဖို့ပါလီမာန်အတွင်းလည်းကြိုးပမ်းခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အရိပ်အငွေ့သမ်းချိန်ကစလို ဗမာပြည်မအခြေစိုက်နိုင်ငံရေးအင်အားစုများက အရံ ရဲ အပျော်တမ်းရဲ မီးသတ် သံမဏိတပ် လက်ရုံးတပ် ဓါးမတပ် ဝါးရင်းတုတ်တပ်စသဖြင့်အခြေခံစစ်ရေးပြသင်တန်းများနဲ့ တပ်ဖွဲ့များဖွဲ့စည်းခဲ့ကြပါတယ်။ လက်နက်ရခဲ့လျှင်အစဉ်သင့်ဖြစ်ရန်ဆိုပြီး စုဖွဲ့လေးကျင့်ထားကြခြင်းဖြစ်ပါတယ်။ရဲဘော်သုံးကျိပ်ခေါင်းဆောင်အချို့ဟာအဆိုပါတပ်ဖွဲ့များရဲ့ခေါင်းဆောင်ဟောင်းများဖြစ်ခဲ့ကြပါတယ်။ဆရာစံသူပုန်ကာလမှာ နှိမ်နင်းခဲ့တဲ့စစ်ဗာရီများနဲ့အတူမြန်မာပုလိပ်အဖွဲ့လဲပါပါတယ်။ ထိုစဉ်ကပုလိပ်အများစုဟာ အိန္ဒိယနွယ်ဖွားများနဲ့ကရင်မျိုးနွယ်စုအများစုဖြစ်ပါတယ်။ ကရင်…
Read More