မကြာခင်ရောက်လာမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဆို

ကမ္ဘောဒီးယား အလုပ်သမားတွေနေရာကို အစားထိုးဖို့ မြန်မာ၊ သီရိလင်္ကာက အလုပ်သမားတွေမကြာခင်ရောက်လာမယ်လို့ ထိုင်းအလုပ်သမားဝန်ကြိးဆို

ကမ္ဘောဒီးယား အလုပ်သမားတွေနေရာကို အစားထိုးဖို့ မြန်မာ၊ သီရိလင်္ကာက အလုပ်သမားတွေမကြာခင်ရောက်လာမယ်လို့ ထိုင်းအလုပ်သမားဝန်ကြိးဆို

ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ .ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်နိမိတ် တင်းမာမှုတွေဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံကနေထွက်ခွာသွားကြတဲ့ကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားတွေနေရာကို အစားထိုးဖို့အတွက် ထိုင်းနိုင်ငံက မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄၂,၀၀၀ နဲ့ သီရိလင်္ကာကနေ အခြား ၁၀,၀၀၀ ကို ခေါ်ယူဖို်စီစဉ်ထားတယ်လို့ Thai PBS World သတင်းကသြဂုတ် ၁၅ရက်နေ့မှာဖော်ပြပါတယ်။ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Pongkawin Juangroongruangkit က လာမယ့်သြဂုတ် ၁၉ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပထမဆုံး အလုပ်သမားအဖွဲ့ အရေအတွက် ၄၂,၀၀၀ထိုင်းနိုင်ငံကို ရောက်ရှိလာဖို့ မျှော်လင့်ကြောင်းနဲ့ အလုပ်သမားရှားပါးတဲ့ လုပ်ငန်းအားလုံးမှာ ဖြန့်ချသွားမယ်လို့ ဆိုပါတယ်။ သီရိလင်္ကာကနေလာမယ့်သူတွေအတွက် အလုပ်သမားဝန်ကြီးဌာနကဘသီရိလင်္ကာနိုင်ငံသား ၁၀,၀၀၀ ကို ကနဦး ခေါ်ယူဖို့အတွက် သီရိလင်္ကာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဖို့အလုပ်သမားဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်နေရှိပြီး ထွက်ခွာသွားကြတဲ့ကမ္ဘောဒီးယားနိုင်ငံသား ၃ သောင်းနေရာကိုအစားထိုး ဝင်ရောက်လုပ်ကိုင်ဖို့ ရွေးချယ်ထားကြောင်း Pongkawin က ပြောပါတယ်။ (more…)
Read More