မပြီးပြတ်သေး

လိမ်လည်ခံရသူများ သောင်တင်နေဆဲလို့ဆို

လိမ်လည်ခံရသူများ သောင်တင်နေဆဲလို့ဆို

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြဝတီမြို့၏အွန်လိုင်းငွေလိမ်ဂိုဏ်းများအပေါ် လူမှုအာရုံစူးစိုက်မှုလျော့ပါးသွားနိုင်သည်။ လူကုန်ကူးခံရသူ ထောင်ပေါင်းများစွာသည် ထိုင်းနယ်စပ်တလျှောက် လိမ်လည်လှည့်စားသည့် လုပ်ငန်းများတွင် ဖြားယောင်းသွေးဆောင်ခံရကာ နေရပ်သို့ ပြန်လာနိုင်ခဲ့ကြသော်လည်း အများစုမှာ အကူအညီကို စောင့်မျှော်နေသည့် ပြည်တွင်းပြည်ပ လိမ်လည်ရေးစင်တာများတွင် ပိတ်မိနေကြဆဲဖြစ်သည်။ တချိန်တည်းမှာပဲလူကုန်ကူးသူများသည် အပြစ်ပေးခံရခြင်းမရှိပဲလုပ်ငန်းများဆက်လက်လုပ်ကိုင်နေကြသည်။ ယခုလိုမျိုးဆက်မဖြစ်သင့်ပါ။ မတ်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ တာ့ခ်ခရိုင် မဲဆောက်မြို့အနီး မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် လူကုန်ကူးခံရသည့် အိန္ဒိယ နိုင်ငံသား ၅၄၀ ကို အိန္ဒိယအစိုးရမှ စီစဉ်ပေးသည့် လေကြောင်းဖြင့် နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သတင်းများက ဆိုသည်။ (more…)
Read More