မရှိမဖြစ် လိုအပ်

ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုမှာ မရှိမဖြစ် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ကဆို

ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုမှာ မရှိမဖြစ် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ကဆို

ဧပြီ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်Touhid Hossain က မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်ဒေသတွေကို သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်ရှိဖို့ လိုအပ်သလို ဒါဟာသူ့ရဲ့အကျိုးစီးပွားအတွက် မလိုအပ်ဟုဆိုကြောင်း bd news 24 သတင်းကဧပြီ ၂၈ရက်ကဖော်ပြသည်။ ဧပြီ ၂၇ ရက်နေ့က နိုင်ငံခြားရေဝန်ကြီးဌာန၌သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင်“ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတာ ကျနော်တို့ တရားဝင် အသိအမှတ်ပြုပါတယ်၊ငြင်းလို့ မရပါဘူး။ မြန်မာနယ်စပ်တလျှောက်လုံးက အခု စစ်အစိုးရမဟုတ်တဲ့ အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ဗဟိုအစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘူး။”ဟုသူကဆိုသည်။"ဒါကြောင့်ကျနော်တို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်၊ ကျနော်တို့ဟာ ဆက်သွယ်ရေးပုံစံအချို့ကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့တစ်ခုနဲ့တရားဝင်ဆက်သွယ်နိုင်ခြင်း မရှိသော်လည်း လုံးလုံးလျားလျား အဆက်ပြတ်နေလို့မဖြစ်နိုင်ပါဘူးလိုအပ်တဲ့ ထိတွေ့ဆက်ဆံမှု အဆင့်ကို ထိန်းထားမယ်။"ဟုသူကဆက်ပြောသည်။ မြန်မာစစ်အစိုးရနှင့် သူပုန်အဖွဲ့များကြား ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေပြီးနောက် ရက္ခိုင့်တပ်မတော်သည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နှင့် ကပ်လျက်ရှိသော ရခိုင်ပြည်နယ်ကို စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှလွဲ၍အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းတို့၏ဇာတိရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းမှုမှာ လွန်ခဲ့သည့် ခုနစ်နှစ်အတွင်း မအောင်မြင်ခဲ့ပေ။ယခင်နှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုလမ်းကြောင်းဖွင့်ထားကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။ ထို့အပြင် Muhammad Yunus ဦးဆောင်သော ကြားဖြတ်အစိုးရသည် စစ်ဘေးသင့်ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလမ်းကြောင်းတစ်ခု ထူထောင်ရန် ကုလသမဂ္ဂ၏ အဆိုပြုချက်ကို သဘောတူညီခဲ့သည်။ ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား ပဋိပက္ခအတွင်းသို့ ဆွဲသွင်းစေနိုင်သည့် အန္တရာယ်ရှိမရှိ…
Read More