မြန်မာ

တရုတ်နိုင်ငံ Anhui ပြည်နယ်ကလူငယ်မြန်မာမှ ဘေးကင်းစွာ ပြန်လာ

တရုတ်နိုင်ငံ Anhui ပြည်နယ်ကလူငယ်မြန်မာမှ ဘေးကင်းစွာ ပြန်လာ

ဇူလိုင်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တစ်လကျော်ကြာ ပျောက်ဆုံးနေသည့် Anhui ပြည်နယ် Lujiang ခရိုင်မှ အသက် ၁၈နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးဟာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာတယ်လို့ China Daily သတင်းကဇူလိုင် ၂၆ ရက်ကဖော်ပြသည်။၎င်းရဲ့ဖခင်ဖြစ်သူကလည်း China Daily ကို ပြောပါတယ်။ Hu Yixiao ရဲ့ဖခင် Hu Zongbing က၎င်းရဲ့သားဖြစ်သူ ပြန်လည်ရောက်ရှိလာတာကို ဇူလိုင် ၂၅ရက်ကအတည်ပြုခဲ့ပြီးမိသားစုပြန်လည်ဆုံဆည်းမှုအတွက် စိတ်လှုပ်ရှားစွာထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း အမှုနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ China Central Television ရဲ့ဖော်ပြချက်အရ အဆိုပါ လူငယ်သည် ယူနန်ပြည်နယ် Pu'er ရှိ ဆိပ်ကမ်းတစ်ခုကတစ်ဆင့် တရုတ်နိုင်ငံကိုဘေးကင်းစွာ ပြန်လာခဲ့တယ်လို့သိရပါတယ်။ Hu Yixiaoပျောက်ဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ သူဟာAnhui၊ Jiangsu ပြည်နယ် Nanjing မှာ Ma'anshan နဲ့ယူနန်ပြည်နယ်ကူမင်းမြို့ကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းရဲ့လမ်းမှာ နောက်ဆုံးတွင် ယူနန်ပြည်နယ် Xishuangbanna မှာရပ်တန်သွားခဲ့ပါတယ်။ ဇူလိုင် ၂၃ရက်နေ့မှာ Hu ၏ မိဘတွေကမြန်မာနိုင်ငံရှိ တယ်လီကွန်းလိမ်လည်မှုလို့သံသယရှိတဲ့ဆိုက်တစ်ခုမှ သားဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇူလိုင် ၂၅ရက်နေ့ နံနက်မှာတရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မယ်လို့သတင်းများ ထွက်ပေါ်လာခဲ့တညကိုလည်း အစီရင်ခံစာတွေမှာဖော်ပြပါတယ်။ Hu Yixiao ကဧပြီလကHefei မှာအလုပ်ရှာဖို့ Lujiang က ထွက်ခွာသွားတယ်လို့တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ (more…)
Read More
မြန်မာဘက်က အွန်လိုင်းလိမ်လည်သူတွေက အင်တာနက် ပြတ်တောက်မှုကို ရှောင်ရှားဖို့ Starlink ကို အသုံးပြု

မြန်မာဘက်က အွန်လိုင်းလိမ်လည်သူတွေက အင်တာနက် ပြတ်တောက်မှုကို ရှောင်ရှားဖို့ Starlink ကို အသုံးပြု

ဇူလိုင်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံရှိ အွန်လိုင်းကလိမ်လည်သူတွေဟာ ထိုင်းအာဏာပိုင်တွေချမှတ်ထားတဲ့ အင်တာနက် ပြတ်တောက်မှုကို ကျော်လွှားဖို့ Elon Musk ရဲ့Starlink ဂြိုလ်တု အင်တာနက်ကို အသုံးပြုနေကြပါတယ်။ အဓိက ရာဇ၀တ်ဂိုဏ်းတွေမှာ Starlink ချိတ်ဆက်မှု အရေအတွက်ဟာ ၂၀၂၄ ခုနှစ် ဧပြီလက စတင်ပြီး နှစ်ဆကျော် တိုးလာခဲ့ပါတယ်မြဝတီလို လိမ်လည်မှုဆိုင်ရာ အချက်အချာကျတဲ့အဆောက်အဦး ခေါင်မိုးတွေပေါ်မှာ ဂြိုလ်တုစလောင်းမတွေသိသိသာသာ ပျံ့နှံ့နေပါတယ်။ Starlink စက်ပစ္စည်းတွေရဲ့သယ်ဆောင်ရလွယ်ကူမှုဟာ ခိုးသွင်းဖို့ လွယ်ကူစေပြီး လိမ်လည်လုပ်ကိုင်မှုတွေကို ရပ်တန့်ဖို့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားနည်းစေပြီး ဝန်ဆောင်မှုကို ပိတ်ဆို့ရာမှာ Starlink ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အာဏာပိုင်တွေဆီ တောင်းဆိုဖို့လှုံ့ဆော်ပေးပါတယ်။ အင်တာနက် ကေဘယ်ကြိုးတွေဖြတ်တောက်ခြင်းနဲ့၎င်းတို့ရဲ့ လုပ်ငန်းတွေကို ပြတ်တောက်စေဖို့ထိုင်းနိုင်ငံက ပူးပေါင်းကြိုးပမ်းခဲ့ပေမယ့်လည်း မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခေါ်ဆိုရေးစင်တာ လိမ်လည်သူတွေဟာအခုအခါ Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကိုပြောင်းလဲသုံးစွဲလာနေပြီဖြစ်ပါတယ်။ အဆိုပါအပြောင်းအရွှေ့ကြောင့် Starlink ရဲ့ထူးခြားတဲ့ဂြိုဟ်တုစလောင်းတွေဟာ အဆိုပါရာဇ၀တ်လုပ်ငန်းတွေအတွက် အဓိကအချက်အချာဖြစ်တဲ့ မြဝတီမြို့ကအိမ်ခေါင်ခေါင်မိုးတွေအပေါ်မှာထင်ရှားစွာပျံ့နှံ့လာခဲ့ပါတယ်။ လေ့လာသူတွေက Starlink ဟာ၎င်းတို့ရဲ့ဆက်သွယ်ရေးအသုံးပြုမှုရဲ့ အဓိကနည်းလမ်းဖြစ်လာတယ်လို့အကြံပြုထားပါတယ်။ ထိုင်းအာဏာပိုင်တွေက အင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်ပေမယ့် ပြဿနာက ဆက်လက်ရှိနေပုံပေါ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေဟာသမားရိုးကျ ဖုန်းနဲ့ကေဘယ်လ်ချိတ်ဆက်မှုတွေကို ထိထိရောက်ရောက် ကျော်ဖြတ်ပြီး Starlink ရဲ့ဂြိုလ်တုအခြေခံဝန်ဆောင်မှုကို ရွေးချယ်ခဲ့ကြပါတယ်။ နိုင်ငံတကာ တရားမျှတမှုမစ်ရှင် (IJM) မှ လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် လူ့အခွင့်အရေးအဖွဲ့ မှ Nikkei Asia နဲ့ မျှဝေထားတဲ့မိုဘိုင်းလ်ဖုန်းတွေဆီကအချက်အလက်တွေဟာအဆိုပါ ရာဇဝတ်မှုလုပ်ဆောင်သူတွေဟာကနဦး ကေဘယ်ကြိုးဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း…
Read More
မြန်မာဘက်မှရွှေတူးဖော်မှုကြောင့် ထိုင်းဘက်သို့စီးဆင်းသည့်မြစ်များတွင် ညစ်ညမ်းမှု မြင့်မားနေဟုဆို

မြန်မာဘက်မှရွှေတူးဖော်မှုကြောင့် ထိုင်းဘက်သို့စီးဆင်းသည့်မြစ်များတွင် ညစ်ညမ်းမှု မြင့်မားနေဟုဆို

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံအထက်ပိုင်းဘက်မှ ရွှေတူးဖော်မှုကြောင့် Kok နှင့် Sai မြစ်များတွင် ရေညစ်ညမ်းမှု မှာအန္တရာယ်မရှိဟု ထိုင်းအစိုးရက အခိုင်အမာဆိုထားသော်လည်း လွတ်လပ်သော စမ်းသပ်စစ်ဆေးမှုများသည် အန္တရာယ်မကင်းသည့် အာဆင်းနစ်အဆင့်ကို ဆက်လက်ပြသနေသည်ဟု Thaiger သတင်းကမေလ ၃၀ရက်တွင်ဖော်ပြသည်။ Mae Fah Luang University မှ ကထိက Surapol Vorapatratorn နှင့် Suebsakun Kidnukorn တို့ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက ချင်းရိုင်ခရိုင် မယ်ဆိုင်ခရိုင်ရှိ စိုင်းမြစ်အား စမ်းသပ်စစ်ဆေးခဲ့သည်။ စမ်းသပ်မှုတွင် အာဆင်းနစ်သည် 0.12 mg/L ရှိပြီး ဘေးကင်းမှုစံနှုန်း 0.01 mg/L ထက် ကျော်လွန်နေပါသည်။ အနီးတစ်ဝိုက်တွင် နေထိုင်သူများ အသုံးပြုသည့် ရေတိမ်ရေတွင်းသည်လည်း ကန့်သတ်ချက်ထက် ကျော်လွန်နေသည်ဟုဆိုသည်။ ပြီးခဲ့သည့်လက ချင်းမိုင်မြို့ရှိ သဘာဝပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးရုံး ၁ မှ ထိုင်း-မြန်မာနယ်စပ် မယ်အိုက်ခရိုင် Kokမြစ်အနီးတွင် အာဆင်းနစ်ပါဝင်မှု ၀.၀၂၆ မီလီဂရမ်/လီတာရှိကြောင်း သိရသည်။ (more…)
Read More
မေရိကန်က မြန်မာအပါအဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ ‘ခရီးသွားခြင်းမပြုရန်’ သတိပေးချက် ထုတ်ပြန်ထား

မေရိကန်က မြန်မာအပါအဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ ‘ခရီးသွားခြင်းမပြုရန်’ သတိပေးချက် ထုတ်ပြန်ထား

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်နိုင်ငံခြားရေးဌာနသည် မြန်မာအပါအဝင်စုစုပေါင်း ၂၁ နိုင်ငံသို့ ခရီးသွားခြင်းကို ရှောင်ရှားသင့်သည်ဟု မေလ ၈ရက်ကသတင်းထုတ်ပြန်သည်။ (more…)
Read More
ဘင်္ဂလားဒေ့ရှ်၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ်  မြန်မာ၏ စိုးရိမ်ပူပန်မှုကို Khalilur က ပယ်ချ

ဘင်္ဂလားဒေ့ရှ်၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ စိုးရိမ်ပူပန်မှုကို Khalilur က ပယ်ချ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ပယ်ချခဲ့ပြီး ကြားဖြတ်အစိုးရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် လိုအပ်သည်ဟု ယူဆသည့် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း BD News 24 .com ကမေလ ၇ ရက်ကဖော်ပြသည်။ “ဘယ်သူက ဘာပြောပြော အရေးမကြီးပါဘူး” ဟု Khaliur က နယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြားရေးမူဝါဒအပေါ် ခိုင်မာသော ရပ်တည်ချက်ကိုပြသပြီး မေလ ၆ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရ၏ ကန့်ကွက်မှုများနှင့်ပတ်သက်၍ မေးခွန်းတစ်ခုအား ဖြေကြားရာတွင် Khalilur က "ကျနော်တို့ဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျနော်တို့ရဲ့အကျိုးစီးပွားအတွက်၊ ကျနော်တို့အလိုရှိတဲ့သူနဲ့တွေ့ဆုံမှာပဲ"ဟုဖြေကြားသည်။ (more…)
Read More
မြန်မာဘက်မှတိုက်လေယာဥ်များ ထိုင်းနယ်စပ်သို့ချဥ်းကပ်လာသောကြောင့် ထိုင်းလေတပ်က ကြားဖြတ်ဟန့်တားခဲ့ရ

မြန်မာဘက်မှတိုက်လေယာဥ်များ ထိုင်းနယ်စပ်သို့ချဥ်းကပ်လာသောကြောင့် ထိုင်းလေတပ်က ကြားဖြတ်ဟန့်တားခဲ့ရ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာမှ တိုက်လေယာဉ်များ ထိုင်းနယ်စပ်သို့ ချဉ်းကပ်လာရာ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်နှစ်စင်းကို မေလ ၆ ရက်က ကြားဖြတ်ဟန့်တားခဲ့ရသည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ဧပြီလ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်အကိုင် ကမ်းလှမ်းမှုများကို လက်ခံခြင်းမပြုရန် အင်ဒိုနီးရှားအစိုးရက ၎င်း၏နိုင်ငံသားများအား ပြင်းထန်သောသတိပေးချက် ထုတ်ပြန်ထားပြီး လူကုန်ကူးမှု များပြားလာခြင်းနှင့် ရာဇ၀တ်ဂိုဏ်းများအောက်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများ တိုးလာနေခြင်းကို ကိုးကား၍ ထုတ်ပြန်ထားသည်ဟု Jakatar Globe သတင်းကဧပြီ ၁၈ရက်တွင်ဖေါ်ပြသည် ။ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးဝန်ကြီး Abdul Kadir Karding က အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် အလုပ်အကိုင်ကမ်းလှမ်းမှုများနှင့် ကြုံတွေ့ရသည့်အခါတွင် အလုပ်ရှာဖွေသူများကို အထူးသတိထားရန် တိုက်တွန်းထားသည်။ (more…)
Read More
မြန်မာကမှ ယူကရိန်းအထိ

မြန်မာကမှ ယူကရိန်းအထိ

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသည့် မြန်မာပြည်သူများက ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်ချိန်မှစ၍ ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ်ကြောင်း ဖော်ပြခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်အောက်တွင် ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တရုတ်လိုလားသော ရုရှားလိုလားသော မူဝါဒများ ပြင်းထန်လာကာ အနောက်တိုင်းနယ်ချဲ့ဆန့်ကျင်ရေး စံနှုန်းများဖြင့် တွန်းအားပေးခဲ့သည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ရုရှားအစိုးရတို့သည် ၎င်းတို့၏ မျှဝေထားသော အာဏာရှင်လက္ခဏာများနှင့် တိုင်းရင်းသားလူနည်းစုများအပေါ် ဖိနှိပ်မှုသမိုင်းကြောင့် မြန်မာစစ်အစိုးရ၏ ဗျူဟာမြောက်မဟာမိတ်များအဖြစ် လူအများက ထင်မြင်ကြသည်။ (more…)
Read More
“ကျနော်တို့သည် ကမ္ဘာ့အစိုးရမဟုတ်ပါ” ဟု Marco Rubio ကဆို အိန္ဒိယ၊ တရုတ်ကဲ့သို့ ချမ်းသာသောနိုင်ငံများက မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးအတွက် အကူအညီပေးရန် တောင်းဆိုခဲ့

“ကျနော်တို့သည် ကမ္ဘာ့အစိုးရမဟုတ်ပါ” ဟု Marco Rubio ကဆို အိန္ဒိယ၊ တရုတ်ကဲ့သို့ ချမ်းသာသောနိုင်ငံများက မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးအတွက် အကူအညီပေးရန် တောင်းဆိုခဲ့

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ချမ်းသာသည့်နိုင်ငံများကမြန်မာနိုင်ငံကို မကြာသေးမီက ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍သိသိသာသာ လှူဒါန်းကြရန်မေတ္တာရပ်ခံလိုက်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများတွင် နိုင်ငံတကာမှ ပိုမိုကျယ်ပြန့်စွာ ပါဝင်ကူညီရန် ၎င်းက တောင်းဆိုခဲ့သည်။ Brussels ရှိ နေတိုးဌာနချုပ်တွင် စကားပြောနေစဉ် Rubio က လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ အမေရိကန်၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ "ကျနော်တို့ဟာ ကမ္ဘာ့အစိုးရမဟုတ်ပါ" ဟု သူကဆိုသည်။ "ကျနော်တို့က အကူအညီတွေ ပေးမှာပါ.. ဒါပေမယ့် မျှတအောင် လုပ်ရမဲ့ တခြား လိုအပ်ချက်တွေ ရှိတယ်" ဟုUSAID ၏ ​လျှော့ချမှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဦးဆောင်မှု ကြောင့် မြန်မာနိုင်ငံတွင်ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ အတားအဆီးများ ရှိနေကြောင်း ပြောကြားခဲ့သည်။ "ဒါက အလုပ်လုပ်ဖို့ အလွယ်ဆုံးနေရာတော့ မဟုတ်ဘူး။ သူတို့က ကျနော်တို့လိုချင်တဲ့ပုံစံအတိုင်း အဲဒီနိုင်ငံမှာ လည်ပတ်ဖို့ မလိုအပ်ပါဘူး။"ဟုလည်းသူကဆိုသည်။ (more…)
Read More
ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံးပြိုကျရာ၌ ကွယ်လွန်ခဲ့သူ မြန်မာအမျိုးသမီးအသုဘပြုလုပ်

ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံးပြိုကျရာ၌ ကွယ်လွန်ခဲ့သူ မြန်မာအမျိုးသမီးအသုဘပြုလုပ်

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အဦပြိုကျမှုကြောင့် ၉ ယောက်မြောက် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီး မစိန်စိန်ညွန့်၏ ဈာပနအခမ်းအနားကို ဧပြီလ ၅ ရက်နေ့က နွန်သာဘူရီခရိုင် Wat Bang Muang တွင် ကျင်းပခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ စျာပနသို့ အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက် ၃၀၀ နီးပါး တက်ရောက်ခဲ့သည်။ (more…)
Read More